ပရိသတ်ကြီးရေ အကယ်ဒမီနန္ဒာလှိုင်ကတော့ တစ်ခေတ်တစ်ခါတည်းက ပရိသတ်တွေကြားမှာ ရေပန်းစားအောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။ယနေ့အချိန်မှာတော့ အနုပညာအလုပ်တွေကိုရပ်နားလိုက်ပြီး ပျော်ရွှင်စရာမိသားစုလေးနဲ့အတူ ရိုးရှင်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်။နန္ဒာလှိုင်ကတော့ စီးပွားရေးမှာလည်းအောင်မြင်သလို အလှူအတန်းတွေဆိုလည်း ကြုံရင်ကြုံသလိုလှူဒါန်းနေတာကိုတွေ့ရပါတယ်နော်။

နန္ဒာလှိုင်ရဲ့ ချစ်ခင်ပွန်းဦးဇေသီဟက ချစ်ဇနီးလေးနဲ့ စိတ်တူကိုယ်တူတစ်ယောက်ဖြစ်လို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ ရှေ့သွားနောက်လိုက်ညီပါတယ်။နန္ဒာလှိုင်ရဲ့ သမီးသုံးယောက်ကလည်း ၀၀တုတ်တုတ်လေးတွေနဲ့ အရမ်းချစ်စရာကောင်းပြီး မေမေ့အတွက် အဖော်ရစေတေဲ့ သမီးလိမ္မာလေးတွေပါနော်။နန္ဒာလှိုင်ကတော့ သမီးလေးတွေနဲ့ချစ်ခင်ပွန်းကြောင့် စိတ်ပျိုကိုယ်နုဆိုသလို အခုချိန်ထိအရွယ်တင်ပြီးလှပနေဆဲပါ။

ဟိုးအရင်ကတည်းက ဇင်ယော်တောင်ပံမျက်ခုံးလေးနဲ့ ပြီးပြည့်စုံတဲ့အလှပိုင်ရှင်လေးလို့ ပရိသတ်တွေက ချီးကျူးထားကြတာဖြစ်ပါတယ်။ယနေ့အချိန်ထိလည်း လှပပျိုမျစ်နုနယ်မှုတွေကတော့ မကုန်ခမ်းသွားသေးဘဲ ကျက်သရေရှိစွာလှနေဆဲဖြစ်တဲ့ နန္ဒာလှိုင်ကတော့ သူမရဲ့ပထမဆုံးပြက္ခဒိန်ရိုက်ကူးတုန်းက ပုံလေးကို ပရိသတ်တွေအတွက် အမှတ်တရအနေနဲ့ ပြန်လည်မျှဝေခဲ့ပါတယ်နော်။

Source:Nandar Hlaing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။