ချစ်ပရိတ်သတ်ကြီးရေ.... ချစ်စရာကောင်းလွန်းလို့ လတ်တလော ပရိတ်သတ်ကြားမှာအရမ်းရေပန်းစားပြီး တစ်ခဲနက်အားပေးခြင်းကိုခံနေရတဲ့မော်ဒယ် သရုပ်ဆောင် မလေး ဟန်နာယူရီကို ပရိတ်သတ်ကြီးတွေလည်းသိမှာပါနော်။ အားလုံးရဲ့အချစ်တော်လေးလည်းဖြစ်သလို အရုပ်မလေးနဲ့ တူတဲ့သူမရဲ့ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ ကိုရီးယားမလေးလို အရမ်းကိုလှပတဲ့အသားရေလေးကိုပိုင်ဆိုင်ထားသူလေးဖြစ်တဲ့အတွက် ပရိတ်သတ်တွေအချစ်ပိုနေခဲ့ရတာပါနော်။

လက်ရှိမှာဆိုရင် သူမဟာ မဆုပ်မနစ်ကြိုးစားဖန်တီးမှုတွေကြောင့် အနုပညာနယ်ပယ်လေးထဲမှာလည်း အခြေအတော်လေးကျနေပြီဖြစ်ပြီး နာမည်လေးလည်းရလာကာ စီနီယာအနုပညာသမားတွေရဲ့ နေရာပေးခြင်းကိုလည်းခံနေခဲ့ရပါတယ်နော်။ တခြား Professional တစ်ခုဖြစ်တဲ့ မိတ်ကပ်ပိုင်းမှာလည်း အရမ်းကိုထူးချွန်တဲ့ မိတ်ကပ်ပညာရှင်လေးတစ်ယောက်လည်းဖြစ်တာကြောင့် ပရိတ်သတ်တွေရဲ့ အသိအမှတ်ပြု အားပေးခြင်းကိုခံနေခဲ့ရပါတယ်နော်။

သူမဟာ အမြဲလိုလို သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေနဲ့ အလှပုံရိပ်လေးတွေကို သူမရဲ့ချစ်ပရိတ်သတ်တွေကို အမြဲတမ်းလိုလို မျှဝေပေးလေ့ရှိပြီးတော့ အခုလည်း သူမရဲ့ချစ်စရာကောင်းတဲ့ကြောင်လေးနဲ့အတူတူရိုက်ထားတဲ့အသည်းယားစရာဗီဒီယိုဖိုင်လေးကို ချစ်ပရိတ်သတ်တွေအတွက်မျှဝေပေးထားခဲ့ပြန်ပါတယ်နော်။ ကြောင်လေးကလည်း ခပ်ချေချေပုံစံလေးနဲ့ ပရိတ်သတ်တွေရဲ့အချစ်တော် ဟန်နာယူရီရဲ့ ရင်ခွင်ထဲမှာ ထိုင်ကာ ချေပြီးရင်းချေနေလေတော့ ပရိတ်သတ်တွေအသည်းယားခဲ့ကြရပါတယ်နော်။ ကဲ... ချစ်စရာကောင်းတဲ့ ဟန်နာယူရီလေးနဲ့ ချေတစ်လိုင်းကြောင်လေးတို့ရဲ့ ချစ်စရာ Tik Tok ဗီဒီယိုဖိုင်လေးကို ချစ်ရတဲ့ပရိတ်သတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Sourece : Hanna Yu Ri 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။