မော်ဒယ်လ်၊ သရုပ်ဆောင်ခင်သဇင်ဟာဆိုရင် စွဲမက်ဖွယ် အလှတရားတွေနဲ့ မြင်သူတကာကို ဖမ်းစားလေ့ရှိတာပါနော်..။ social media စာမျက်နှာများပေါ်တွင် အမျိုးသားပရိသတ်အများဆုံးရရှိထားပြီး သရုပ်ဆောင်ကောင်းမှုတွေကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်ခံရိုက်ကူးလာတာပါ..။ သူမဟာဆိုရင် "Now and Ever" ၊ "ထာဝရနှောင်ကြိုး" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပြည်သူ့ချစ်အနုပညာရှင်ဖြစ်တဲ့ မင်းသားဇာဏ်ခီနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာပါ...။

သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေ၊ ကြော်ငြာမဂ္ဂဇင်းတွေ လက်ခံရိုက်ကူးလေ့ရှိတာဖြစ်ပါတယ်...။ သူမဟာဆိုရင် ပရဟိတလုပ်ငန်းတွေကိုလည်း စိတ်ရောကိုယ်ပါ လုပ်ကိုင်လေ့ရှိပြီး သဒ္ဓါတရားထက်သန်သူလေးဖြစ်ပါတယ်...။ ရေကူးကန်ထက်က ရေကူးဝတ်စုံနဲ့ပုံရိပ်လေးတွေဟာဆိုရင်လည်း မြင်သူတိုင်းကို မှင်သက်စေတာပါနော်...။ ခင်သဇင်ဟာ gym အစရှိတဲ့ လေ့ကျင့်ခန်းတွေကိုလည်း စနစ်တကျနဲ့ အချိန်မှန်စွာ ဆော့ကစားလေ့ရှိတာဖြစ်ပါတယ်...။

ခင်သဇင်ဟာ ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာများဖြစ်ကြတဲ့ facebook၊ Instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်..။ အခုတစ်ခါမှာဆိုရင်လည်း "လိုင်းပေါ်ပျောက်နေလို့ စိတ်မပူနဲ့နော် ဆေးခန်းလာပြနေလို့ပါ..." ဆိုတဲ့ status လေးနဲ့တကွ ပုံရိပ်လေးနဲ့အတူ My day မှာတင်ထားတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း Myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်..။

Source Khin Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။