အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ထိပ်ဆုံးကနေ ရပ်တည်အောင်မြင်နေတဲ့ မင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ ထပ်ဆင့်အကယ်ဒမီဆုရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က အပျိုပေါက်အရွယ်လေးကတည်း အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တာ အခုဆိုရင် ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီပဲ ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်းမှာလည်း သူမချစ်တဲ့ သရုပ်ဆောင်အလုပ်ကို တစ်စိုက်မတ်မတ်နဲ့ ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။

အိန္ဒြာကျော်ဇင်က (၂၀၀၄) ခုနှစ်ရဲ့အမျိုးသမီးဇာတ်ဆောင်ဆုကို " မျက်နှာများတဲ့ကောင်းကင်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ရရှိခဲ့ပြီး အနုပညာလောကမှာ ပထမဆုံးအနုပညာမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ (၂၀၁၇) ခုနှစ်မှာတော့ "ရင်ဘတ်ထဲကဓား" ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို နောက်တစ်ကြိမ် ဆွတ်ခူးခဲ့ပြန်ပါတယ်။ အိန္ဒြာကျော်ဇင်ရဲ့အကယ်ဒမီပုံရိပ်တွေကိုတော့ ပရိသတ်တွေက ယနေ့တိုင်အောင် အမှတ်ရနေဆဲ ဖြစ်ပါတယ်။

အခုလည်း ပရိသတ်တွေအတွက် အိန္ဒြာကျော်ဇင်ရဲ့ဘဝမှာ ပထမဆုံးအနေနဲ့ အကယ်ဒမီဆုကို စတင်ရရှိခဲ့စဉ်က ရှားရှားပါးပါးပုံရိပ်လေးတွေကို တင်ဆက်ပေးချင်ပါတယ်နော်။ ဒီပုံလေးတွေကတော့ သူမဘဝရဲ့ မမေ့နိုင်စရာ အမှတ်တရတွေဖြစ်ခဲ့တဲ့ အကယ်ဒမီပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ချစ်တဲ့ပရိသတ်တွေအတွက် အကယ်ဒမီနှစ်ဆုတိတိရရှိပြီး ဘဝမှတ်တိုင်စိုက်ထူခဲ့တဲ့ အူဝဲရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Pathy Pathy Eaindra Kyaw Zin's Crazy ;  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။