မြန်မာ့လက်ရွေးစင်အသင်းရဲ့အဓိကတိုက်စစ်မှူးကျော်ကိုကိုကတော့ မနေ့ကစားခဲ့တဲ့ ထိုင်းFA ဖလားပြိုင်ပွဲမှာ ကလပ်အသင်းအတွက်၂ဂိုးသွင်းယူပေးခဲ့ပါတယ်။ဒီနှစ်ဘောလုံးရာသီစမူပါကန်အသင်းမှာတော့ကျော်ကိုကိုဟာအသင်းအတွက်အရေးပါတဲ့သွင်းဂိုးတွေကိုသွင်းယူပေးနေတာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ကျော်ကိုကိုကအသင်းအတွက်ခြေပဂိုး၂ဂိုးလုံးကိုသွင်းယူပေးနိုင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့နောက်ကျဂိုးနဲ့ရှုံးနိမ့်ခဲ့ရပါတယ်။ကျော်ကိုကိုကတော့ထိုင်းFA ဖလားပြိုင်ပွဲမှာခြေစွမ်းပြကစားတဲ့ကစားသမားဖြစ်ပြီးပွဲတိုင်းနီးပါးဂိုးသွင်းပြီး ၁၆သင်းရှုံးထွက်အထိရောက်အောင်စွမ်းဆောင်ပေးနိုင်တာဖြစ်ပါတယ်။ဒီနေ့ပွဲမှာလည်းနောင်တစ်ဆင့်တက်ဖို့အကောင်းဆုံးကြိုးစားပေးခဲ့တာဖြစ်ပါတယ်။

ထိုင်းလိဒ်မှာကစားနေတဲ့မြန်မာကစားတွေထဲမှာတော့ကျော်ကိုကိုကခြေစွမ်းပြနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။နာမည်ကြီးတိုက်စစ်မှူးအောင်သူမြောင်တောင်မှာပွဲထွက်မကစားရတာကြာပြီဖြစ်ပြီး ကျော်ကိုကိုကတော့အသင်းမှာအရေးပါတဲ့သူတစ်ယောက်ဖြစ်နေတာပါ။ပရိသတ်တွေအတွက်လည်း မြန်မာ့လက်ရွေးစင်အသင်းအတွက်အားထားရမယ့်တိုက်စစ်မှူးကျော်ကိုကိုရဲ့ သွင်းဂိုး၂ဂိုး video ကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:

สมุทรปราการซิตี้ SPC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။