မော်ဒယ်၊ သရုပ်ဆောင် မင်းသမီးချောလေး မိုးဟေကို ကိုလည်းပရိသတ်တို့အနေနဲ့ သိပြီးသားဖြစ်မှာပါ...။ စူးရှတောက်ပတဲ့ မျက်ဝန်းအကြည့်တွေနဲ့ ညှို့အားပြင်းသူတစ်ယောက်ဖြစ်ပြီး မြင်သူအပေါင်းကို ဖမ်းစားနိုင်တဲ့ မိုးဟေကိုဟာဆိုရင် အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်စွာလျှောက်လှမ်းနေတာဖြစ်ပါတယ်...။ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးအောင်မြင်ခဲ့တဲ့ မိုးဟေကိုဟာဆိုရင် ကြော်ငြာ၊ မဂ္ဂဇင်းတွေမှာလည်း သူမရဲ့ အလှအပတွေကို မြင်တွေ့ကြရမှာပါ...။

မိုးဟေကိုဟာဆိုရင် မြန်မာဝတ်စုံလေးတွေကိုဝတ်ဆင်ပြီး အမြဲကို ကျက်သရေရှိလှပနေတာပါနော်....။ သူမဟာဆိုရင် အမြင်မရိုင်းတဲ့ ဒီဇိုင်းလေးတွေနဲ့လည်း ဆန်းသစ်လှပနေတာပါ...။ မိုးဟေကိုဟာ အမျိုးသမီးတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အလှမျိုးတွေ ပြည့်ဝနေပြီး မိန်းကလေးချင်းတောင် အားကျရသူတစ်ယောက်ဖြစ်ပါတယ်..။ သူမဟာဆိုရင် အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေကို လက်ခံရိုက်ကူးနေပြီး အခမ်းအနားဖွင့်ပွဲတွေ၊ ပွဲလမ်းသဘင်တွေကိုလည်း တက်ရောက်ချီးမြှင့်ပေးခဲ့တာပါ...။

မိုးဟေကိုဟာ ခေတ်လူငယ်ပီပီ လူမှုကွန်ယက်စာမျက်နှာများဖြစ်ကြတဲ့ facebook၊ Instagram တို့တွင် သူမရဲ့ နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှု အမျိုးမျိုးကို ပရိသတ်ကြီးနဲ့အဆက်အသွယ် မပြတ်ရအောင်၊ ရင်းနှီးမှုတွေရရှိအောင် အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း "ကျွန်တော့်ရဲ့သူ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နိုင်ငံကျော်အနုပညာရှင်များနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပြီး "မိုးရဲ့ဝတ်စုံလေးကတော့ မြန်မာအငွေ့သက်ဖြစ်တဲ့ ရွှေခြည်ထိုးရင်ခံနဲ့ရင်ဖုံးလေးကို ပိုးစစ်ချိတ်လုံချည်လေးနဲ့ တွဲဖက်ပြီးဝတ်ဆင်ဖြစ်တယ်" ဆိုတဲ့ status လေးနဲ့တကွ မင်းသားနေတိုးနဲ့အတူ ကန်တော့ပေးပွဲ တက်ရောက်ခဲ့တဲ့ ပုံရိပ်လေးတွေကို သူမရဲ့ official facebook page တွင် ထုတ်ဖော်ပြသထားပြီး Myanmarload ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source Moe Hay Ko

photo credit LI JOHN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။