ကဲ ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး အေးမြတ်သူကတော့ လက်ရှိမှာ သူမချစ်တဲ့သူငယ်ချင်းတွေနဲ့အတူ နိုင်ငံခြားကို ခရီးထွက်နေတာ တွေ့ရပါတယ်။ အေးမြတ်သူက ခင်လေးနွယ်၊ ယုသန္တာတင်တို့သူငယ်ချင်းတစ်စုနဲ့အတူ အင်္ဂလန်ပြည်ကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ပျော်ပျော်ပါးပါး ခရီးထွက်လာတဲ့ အေးမြတ်သူတို့အဖွဲ့လေးက အင်္ဂလန်ပြည်ကို ရောက်တုန်းရောက်ခိုက်မှာ အထင်ကရနေရာတွေကို စုံလင်အောင် လျှောက်လည်နေတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာလည်း အေးမြတ်သူက ကြီးကျယ်ခမ်းနားတဲ့ မန်ယူကွင်းကြီးထဲကို သွားရောက်လည်ပတ်ခဲ့ကြောင်း ပရိသတ်တွေကို ပြောပြလာခဲ့ပါတယ်။ အေးမြတ်သူက " မတ်မတ်မြတ်လေးတစ်ယောက် ဘယ်ရောက်နေလဲသိကြလားရှင့် ? ချစ်ရတဲ့အမျိုးတွေထဲမှာရော မန်ယူချစ်သူတွေ ဘယ်နှစ်ယောက်ရှိကြလဲရှင့် ။ တခါတလေ အိပ်မက်တွေကတကယ်ဖြစ်တယ်ဆိုတာမှန်တယ်ချစ်သူ။ အင်္ဂလန်ပြည်က Manchester ကွင်းထဲကိုရောက်ဖူးချင်တာ ခလေးဘဝကတည်းက အိပ်မက်လို့ပြောရင်ချစ်သူက မင်းကဘောလုံးပွဲအကြောင်း ဘာနားလည်လို့လဲဆိုပြီး ရယ်ဦးမယ်။ Ferguson ကိုမသိ၊ Rooney တို့ကိုမသိပေမယ့်လည်း အားကစားကိုချစ်မြတ်နိုးတဲ့ ကျမအဖို့ ဒီနေရာကိုလာခွင့်ရှိတာပဲ။

ပြီးတော့လေ ချစ်သူရဲ့လက်ကိုတွဲ ကမ္ဘာပေါ်က အားကစားမျိုးစုံကို အချစ်နဲ့အတူအားပေးချင်တယ်။ အထူးသဖြင့် လက်ဝှေ့ပွဲတို့ tennis ပွဲတို့ပေါ့ချစ်သူ။ ဘာလို့မဖြစ်နိုင်ရမှာလဲနော်" ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ အေးမြတ်သူရဲ့ပုံလေးတွေကိုကြည့်ပြီး မန်ယူပရိသတ်တွေကတော့ အားကျနေရမှာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် " Old Trafford " ကွင်းကြီးထဲမှာ ပျော်နေတဲ့ အေးမြတ်သူရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Aye Myat Thu;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။