သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုကတော့ အနုပညာအရည်အချင်းပြည့်ဝပြီး ထူးချွန်ထက်မြက်တဲ့ ပရိသတ်အချစ်တော် အနုပညာရှင်လေးတစ်ဦး ဖြစ်ပါတယ်။ ဆရာဝန်တစ်ဦးဖြစ်ပေမယ့် သူမဝါသနာပါတဲ့ သရုပ်ဆောင်အလုပ်ကိုသာ ရွေးချယ်ခဲ့တဲ့ ပိုင်ဖြိုးသုကတော့ အခုချိန်မှာ အောင်မြင်မှုများစွာကို ရရှိထားနေပြီ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုက " 3 Girls " ရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း အကယ်ဒမီဆုရရှိခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ပိုင်ဖြိုးသုတစ်ယောက် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေသလို ပွဲအခမ်းအနားတွေလည်း တက်ရောက်နေတာ ဖြစ်ပါတယ်။ မကြာသေးခင်ကလည်း အားလပ်ချိန်ရတုန်းမှာ ပိုင်ဖြိုးသုက ချစ်ခင်ပွန်းနဲ့အတူ ဂေါ်ရင်ဂျီကျွန်းကို အပန်းဖြေခရီးထွက်ခဲ့ပါသေးတယ်။ ဒီခရီးစဉ်လေးမှာ ပိုင်ဖြိုးသုက စိတ်လွတ်ကိုယ်လွတ် အပန်းဖြေအနားယူရင်း ပျော်ရွှင်ခဲ့တာပဲ ဖြစ်ပါတယ်။ အခုလည်း ပိုင်ဖြိုးသုက ခရီးသွားတုန်းက အမှတ်တရပုံလေးတွေကို တင်ထားပါတယ်။

ပိုင်ဖြိုးသုက " Life is too short. So, I would rather chase my dreams than the fame & the money " ဆိုပြီး အမှတ်တရပုံလေးတွေကို မျှဝေထားပါတယ်။ ဖြူစင်အေးချမ်းပြီး အပြစ်ကင်းစင်လွန်းတဲ့ ပိုင်ဖြိုးသုလေးက ဓာတ်ဆရာဖြစ်တဲ့ ခင်ပွန်းဖြစ်သူရဲ့ရိုက်ချက်ကြောင့် ပိုမိုလှပသွားခဲ့တာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကမ်းခြေမှာပျော်ရွှင်နေတဲ့ ပိုင်ဖြိုးသုရဲ့ချစ်စရာပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Paing Phyoe Thu; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။