မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ လင်းလင်းကတော့ ဒိတ်ဒိတ်ကြဲ အနုပညာရှင် တော်တော်များများကို ပြင်ဆင်ခြယ်သပေးနေရတဲ့ အလှဖန်တီးရှင် ဖြစ်ပါတယ်။ ဒါကြောင့်လည်း အနုပညာရှင် အသိုင်းအဝိုင်းတစ်ခုလုံးက မိတ်ကပ်လင်းလင်းကို အားကိုးအားထားပြုနေရပြီး သူမအနေနဲ့လည်း ကျော်ကြားအောင်မြင်နေတာ ဖြစ်ပါတယ်။ လင်းလင်းက မိန်းမလျာတစ်ဦးဖြစ်ပေမယ့် တကယ့်မိန်းကလေးအစစ်တစ်ယောက်လို လှပလွန်းသူလေးလည်း ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း လင်းလင်းက " ကျားကျားကြိုက်ကြိုက်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဝါရင့်အနုပညာရှင်တွေနဲ့အတူ ရိုက်ကူးခဲ့ပါတယ်။ Tik Tok ကစားရတာ ဝါသနာပါတဲ့ လင်းလင်းက အခုလည်း မင်းသားကျော်ထက်အောင်နဲ့အတူ တွဲဖက်ပြီး ဟာသဗီဒီယိုလေးတစ်ခုကို ရိုက်ကူးခဲ့ပါတယ်။ လင်းလင်းက " စရိုက် " ရုပ်ရှင်ဇာတ်ကားကြီးထဲက ခိုင်သင်းကြည်ရဲ့အိုက်တင်အတိုင်း သရုပ်ဆောင်ပြထားတာပဲ ဖြစ်ပါတယ်။

ခိုင်သင်းကြည်သရုပ်ဆောင်ထားတဲ့ ဘဲဥမဇာတ်ရုပ်လေးကို လင်းလင်းက ရုပ်ပြောင်လေးနဲ့ ပြန်လည်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ကျော်ထက်အောင်နဲ့ လင်းလင်းတို့နှစ်ယောက်ရဲ့ Tik Tok ဗီဒီယိုလေးကတော့ ရယ်လည်းရယ်ရသလို ချစ်စရာကောင်းနေတာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသားချော ကျော်ထက်အောင်နဲ့ မိတ်ကပ်လင်းလင်းရဲ့ Tik Tok ဗီဒီယိုလေးကို အောက်မှာတင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Lin Linn;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။