သူများတကာထက် ဆန်းသစ်ပြီး အရမ်းလန်းလွန်းတဲ့ ဖက်ရှင်တွေကိုသာ အမြဲတမ်းဝတ်ဆင်လေ့ရှိသူကတော့ မင်းသမီးချော သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ ဝေဖန်တိုက်ခိုက်မှုတွေကြားကနေ ယုံကြည်မှုအပြည့်နဲ့ အမိုက်စားဖက်ရှင်တွေသာ ရွေးချယ်ဝတ်ဆင်တတ်တဲ့ သင်ဇာက အားလုံးရဲ့စိတ်ဝင်စားမှုကို ရရှိထားတာ ဖြစ်ပါတယ်။ ပွဲအခမ်းအနားတွေ ဆက်တိုက်တက်ရောက်နေရတဲ့ သင်ဇာကတော့ ဘယ်ပွဲမှာမဆို အားလုံးရဲ့စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့တာ ဖြစ်ပါတယ် ။

ပြီးခဲ့ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ '' Gree Air Conditioner '' ရဲ့ Dinner Party ပွဲကိုလည်း သင်ဇာက တက်ရောက်ခဲ့ပါတယ်။ ဒီပွဲလေးမှာတော့ သင်ဇာက တစ်ကိုယ်လုံးကို အဖြူရောင်ဝတ်စုံအပါးလေးနဲ့လွှမ်းခြုံထားပြီး အရမ်းလှနေခဲ့တာပဲ ဖြစ်ပါတယ်။ ပါးလွှာလွန်းတဲ့ သင်ဇာရဲ့ဝတ်စုံလေးကြောင့် သူမရဲ့ကိုယ်လုံးအလှကို အထင်းသားမြင်တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

အလန်းစားဖက်ရှင်နဲ့ လူတကာငေးကြည့်တာခံခဲ့ရတဲ့ သင်ဇာကတော့ '' STAY CLASSY SASSY AND A BIT BAD ASSY '' ဆိုပြီး သူမရဲ့ပွဲတက်ပုံရိပ်လေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ စွဲမက်ဖွယ်ကောင်းတဲ့ သင်ဇာရဲ့ခန္ဓာကိုယ်ကောက်ကြောင်းအလှကတော့ တကယ်ပဲ ဆွဲဆောင်မှုပြည့်နေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ရင်ခုန်ချင်စရာအလှတရားတွေနဲ့ သင်ဇာဝင့်ကျော်ရဲ့ အမိုက်စားပွဲတက်ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source: Thinzar Wint Kyaw;

Photo Credit- Nay Min Tun;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။