ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်အကယ်ဒမီမင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ မြန်မာနိုင်ငံရဲ့ ပြည်သူ့အသည်းကျော် ထိပ်တန်းမင်းသမီးချောတစ်ဦးဖြစ်သလို ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကျွမ်းကျင်မှုတွေနဲ့ အကယ်ဒမီထူးချွန်ဆုတွေကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်..။

ကျရာကာရိုက်တာတွေကို မညီးမညူစိတ်နှစ်ပြီး ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း အနုပညာလောကမှာ ထိပ်တန်းကနေ ရပ်တည်နေသလို သူမရဲ့ဇာတ်ကောင် ကာရိုက်တာတွေအတွက်လည်း အပင်ပန်းခံရမှုတွေကြောင့်လည်း အောင်မြင်တဲ့ မင်းသမီးတစ်ဦးအဖြစ် ရပ်တည်နေတာပါနော်..။

အခုတစ်ခါမှာလည်း မြင်နေကျ ဇာတ်ကောင်တွေနဲ့ ကွဲထွက်နေတဲ့ သရုပ်ဆောင်ကာရိုက်တာတွေကို "ကြိမ်နှုန်း" ရုပ်ရှင်ဇာတ်ကားကြီးနဲ့အတူ ပရိသတ်တွေကို အကြိုက်တွေ့စေပြန်ပါတယ်နော်..။

ဇူလိုင်လ(၁၈)ရက်နေ့က စတင်ရုံတင်ပြသခဲ့တဲ့ "ကြိမ်နှုန်း" ရုပ်ရှင်ဇာတ်ကားကြီးရဲ့ အမှတ်တရလက်မှတ်ထိုးပွဲလေးမှာ ပရိသတ်တွေရဲ့ ရုံပြည့်ရုံလျှံအားပေးဝန်းရံမှုတွေကြောင့် ကြည်နူးပျော်ရွှင်ခဲ့တာလည်း တွေ့ရပါတယ်နော်..။

ကျော့ရှင်းပြီး လှပဆန်းသစ်တဲ့ ဖက်ရှင်လေးနဲ့ လှရက်လွန်းနေတဲ့ အူဝဲကတော့ ပရိသတ်တွေနဲ့ ပျော်ရွှင်စွာ တွေ့ဆုံခဲ့ကြတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေကို မျှဝေထားပြီး မန္တလေး ပရိသတ်တွေနဲ့ တွေ့ဆုံချင်သေးတဲ့ အကြောင်းလေးကိုလည်း ပြောပြထားပါသေးတယ်နော်..။

"ဒီနေ့ Frequency အမှတ်တရ လက်မှတ်ထိုးပွဲ ကပုံလေးတွေပါ...

လာရောက်ဝန်းရံပေးခဲ့ကြတဲ့ ချစ်သော Eainnies များနဲ့ ရုံပြည့်အားပေးခဲ့ကြသော Frequency ပရိတ်သတ် များကိုလည်း ကျေးဇူးတင်ပါတယ်နော်...

မနက်ဖြန် နေ့လည် ၁၂ နာရီမှာ မြို့ဂုဏ်ရောင် ရုပ်ရှင်ရုံနဲ့ ၃နာရီမှာ မင်္ဂလာမန္တလေး ရုပ်ရှင်ရုံတို့မှာ Frequency အဖွဲ့သားတွေနဲ့အတူ အူဝဲရှိနေပါမယ်..

မန်းပရိတ်သတ်ကြီးနဲ့ဆုံချင်ပါတယ်...." ဆိုပြီး ဒီကနေ့မှာ တွေ့ဆုံမယ့် ချစ်ပရိသတ်တွေကိုလည်း တွေ့ချင်တဲ့အကြောင်းလေးကို ပြောထားပါတယ်နော်..။

Photo - အိန္ဒြာကျော်ဇင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။