Example အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ထွန်းထွန်းတစ်ယောက် စင်ကာပူနိုင်ငံမှာ ကျင်းပ မယ့် Champion Cup ပွဲစဉ်ကို သွားရောက်အားပေးဖို့အတွက် အတော်လေးကိုတက်ကြွ နေတာပဲဖြစ်ပါ တယ်။ ဒီနေ့မှာကျင်းပမယ့် မန်ယူနဲ့ အင်တာမီလန်ပွဲစဉ်ကိုလည်း အတော်လေးစိတ်ဝင်တစားနဲ သွားရောက် အားပေးတာပဲ ဖြစ်ပါတယ်။ မန်ဖန်ပီသချက်က တော့ တကယ့်ကိုလက်ဖျားခါစရာပါ။

ဘောလုံးအားကစားကို ကိုယ်တိုင်လည်းဝါသနာပါပြီး အတော်လေးလည်း အားပေးကြမ်းတဲ့ ကိုကိုထွန်းထွန်းကလည်း သူသိပ်ချစ်ပြီးအားပေးတဲ့ မန်ယူကစားသမားတွေကို အနီးကပ် တွေ့ခွင့်ရ တော့မယ်ဆိုတော့ အပျော်တွေအပြည့်နဲ့ Live လွှင့်ပြီး ပရိသတ်တွေကို အသိပေးခဲ့ပါသေးတယ်။ အကယ်ဒမီဆုရပြီးနောက်ပိုင်းမှာတော့ အရင်ကထက်ပိုပြီး တည်ငြိမ်တဲ့သရုပ်ဆောင်ချက်တွေနဲ့ ပရိသတ်တွေကို ပိုပြီးဖမ်းစားနိုင်ခဲ့ပါတယ်။

ခင်မင်ရတဲ့သူငယ်ချင်းဖြစ်သူနဲ့ စင်ကာပူအတူသွားပြီး မန်ယူပွဲကိုအားပေးတော့မယ့် ကိုကိုထွန်းထွန်း တစ်ယောက် လေယာဉ်ပေါ်မှာပြုံးပျော်ပြီးရိုက်ထားတဲ့ပုံလေးက ချစ်စရာကောင်းလွန်းပါတယ်။ 90's Kids တွေကြားမှာ ရေပန်းစားခဲ့ပြီး လက်ရှိအချိန်ထိ လည်း အောင်မြင်မှုကို ထိန်းသိမ်းထားနိုင်ခဲ့တဲ့ မန်ဖန်ကြီးရဲ့ပုံရိပ်တွေကို တင်ဆက်ပေး လိုက်ပြီနော်။

Photo - Htin Aung Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။