ယနေ့ ဧပြီလ (၂၄) ရက်နေ့ကတော့ ပြည်သူချစ် မင်းသမီး အိန္ဒြာကျော်ဇင်ရဲ့ မွေးနေ့ဖြစ်တယ်လို့ သိရပါတယ်။

အနုပညာမျိုးရိုးက ဆင်းသက်လာသူဖြစ်ပြီး အနုပညာလောကကို မော်ဒယ်လ်ဘဝကနေ စတင်ခဲ့ရာ ယခုချိန်မှာတော့ အကယ်ဒမီရ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်လို့နေပါတယ်။ အိမ်ထောင်သည် ကလေးနှစ်ယောက် မိခင်ပေမဲ့ ယနေ့တိုင်လှပဆဲ အူဝဲကတော့ ဖက်ရှင်ဘုရင်မ ဆိုတဲ့ ဂုဏ်ကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။ ထပ်ဆင့်အကယ်ဒမီ ပြေတီဦးနဲ့ အိမ်ထောင်ကျပြီး သားတစ်ယောက် သမီးတစ်ယောက်ရှိနေပြီဖြစ်တဲ့ သူမတို့မိသားစုလေးကတော့ ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းပါ အားကျစရာကောင်းလှပါတယ်။

ယနေ့ ဧပြီလ (၂၄) ရက်နေ့ဟာတော့ သူမရဲ့ မွေးနေ့ဖြစ်တယ်လို့ သိရပြီး သူမရဲ့ လူမှုစာမျက်နှာ သူမတို့ မိသားစု Fan page တွေ သူမရဲ့ Fan page တွေမှာတော့ မွေးနေ့ဆုတောင်းစကားတွေနဲ့ ပြည့်နေတာတွေ့ရပါတယ်။ ကဲ ပရိသတ်ကြီးလည်း ချစ်ရတဲ့ အူဝဲအတွက် မွေးနေ့ဆုတောင်းစကားလေး ပြောခဲ့ကြအုန်းနော်………

Photo Source: Eu Wae

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။