၂၀၁၉ ခုနှစ် (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့ ဗဟန်း အာဇာနည်ဗိမာန် မှာကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့တက်ရောက်ဂါရဝပြုခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထိမ်းအမှတ်ဂူဗိမာန်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွမ်းသူ့ပန်းခွေကိုချ၍ အလေးပြုကြပြီး နှစ်မိနစ် ငြိမ်သက်စွာဖြင့် မေတ္တာပို့သအမျှပေးဝေကြ သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ်တိုင်ဝက်သို့ လျှော့ချလွှင့်ထူပြီး ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သေနတ် မြှောက်၍လည်းကောင်း၊ စစ်ခရာအဖွဲ့ကကျဆုံးရဲဘော် အလေးပြုခရာမှုတ်၍လည်းကောင်းအလေးပြုကြသည်။

ဗိုလ်ချုပ်အောင်ဆန်း၏သားဖြစ်သူ ဦးအောင်ဆန်းဦးကိုယ်စား တူတော်စပ်သူ ဦးရဲအောင်သန်း၊သမီးဖြစ်သူ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များက အထိမ်းအမှတ်ဂူဗိမာန်၌ လွမ်းသူ့ပန်းခွေနှင့် ပန်းခြင်းများချကာ အလေးပြုကြပြီးဂါရဝပြုမေတ္တာပို့သအမျှ ပေးဝေခဲ့ကြပါတယ်။ 

အဲနောက်မှာတော့၂၀၁၉ ခုနှစ် (၇၂) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တက် ရောက်လာကြတဲ့ ပြည်သူလူထု များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ကျေးဇူူးတရားကို အောက်မေ့သတိရခြင်းအား ဖြင့် အာဇာနည် ဗိမာန်သို့ တစ်ခဲနက် လာရောက် ဂါရဝပြုကြသည်။အာဇာနည်နေ့ အခမ်းအနားကို ပါလီမန်ဒီမိုကရေစီ အစိုးရခေတ် ၁၉၅၈ ခုနှစ်တွင် စတင်ကျင်းပခဲ့ရာ ထိုစဉ်က နိုင်ငံတော် သမ္မတ မန်းဝင်းမောင် ကလည်းကောင်း၊ တော်လှန်ရေးကောင်စီအစိုးရခေတ် ၁၉၆၃ ခုနှစ်တွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းကလည်းကောင်း တက်ရောက် ဂါရဝပြုခဲ့ပြီးနောက် နှစ်ပေါင်း(၅၀) ကျော်အကြာတွင် ယခုနိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက် ဂါရဝပြုခြင်းဖြစ်ပါတယ်။ 

Ref; Myanmar President Office

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။