မြန်မာပြည်ရဲ့ ပရိသတ်များသာမက အနုပညာရှင် အချင်းချင်းပါ အားကျရတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရတဲ့ သူတွေကတော့ ပြေတီဦးနဲ့ အူဝဲတို့ပဲ ဖြစ်ပါတယ်။ ဒီတစ်ခါလည်း ပရိသတ်တွေ ထပ်ပြီးတော့ အားကျရအောင် ပြေတီဦးက အူဝဲကို ချစ်ပြလိုက်ပြန်ပါပြီ။

ပြေတီဦးကတော့ ဧပြီလ (၂၄) နေ့မှာ ကျရောက်တဲ့ ချစ်ဇနီးရဲ့ မွေးနေ့ကို (၂၃) ရက်နေ့ညမှာပဲ မေမြို့ ရှုတင်မှာ အားချင်းစီစဉ်ပြီး မွေးနေ့အကြိုအမှတ်တရပွဲလေး ကျင်းပပေးခဲ့တယ်လို့ အူဝဲရဲ့ Live video မှ တစ်ဆင့်သိရပါတယ်။

ဒီ Live လေးထဲမှာတော့ မေမြို့မှာ ရိုက်ကူးနေတဲ့ "ရွာခံအုပ်ကြီး" ဇာတ်ကားမှ သရုပ်ဆောင်တွေ ရှုတင်အဖွဲ့သားတွေနဲ့အတူ မွေးနေ့လေးကို ပျော်ရွှင်စွာ ကျင်းပခဲ့ကြပြီး ပြေတီဦးကတော့ အူဝဲကို Birthday Kiss ပေးခဲ့တာလည်း တွေ့ရပါတယ်။ ကဲ အားကျစရာကောင်းတဲ့ အူဝဲတို့ မိသားစုလေးကို ချစ်တယ်ဆိုရင် မွေးနေ့ဆုတောင်းစကားလေးတွေ ပြောခဲ့ကြဦးနော်………

Source: Eu Wae's Live 

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။