ယခုနှစ်အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးမှာတော့ ရုပ်ရှင်ဒါရိုက်တာဆုကိုတော့ “မုန်းစွဲ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ဒါရိုက်တာသြရသက ဆွတ်ခူးရရှိနိုင်ခဲ့တာပဲဖြစ်ပါတယ်။အကယ်ဒမီဆုရှင် ဒါရိုက်တာသြရသကတော့ ယခုမှာ နာမည်ကြီးအနပညာရှင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလဲ ရိုက်ကူးနေသူဖြစ်ပြီး ပရိသတ်တွေရဲ့ ရှေ့ကို ချပြဖို့ကြိုးစားနေသူဖြစ်ပါတယ်။

ယခုမှာတော့ ''မုန်းစွဲ''ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဒါရိုက်တာ သြရသရဲ့ ဇနီးဟာ ဇူလိုင်လ ၂၁ ရက်နေ့ ယနေ့ မနက်ပိုင်းက နောက်ထပ် သမီးလေး တစ်ယောက်ကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါရိုက်တာသြရသကတော့ အခုလို အောင်မြင်စွာမွေးဖွားနိုင်လို့ အရမ်းကိုပျော်ရွှင်နေခဲ့ပါတယ်။ သြရကတော့ " မင်္ဂလာပါသမီးလေး အလင်းသစ်ရေ..ဒီနေ့ ဖေဖေ့ရဲ့ဘဝလေးမှာ အလင်းသစ် ထွန်းလင်းခဲ့ပြီ.."ဆိုပြီးရေးသားထားပါတယ်။


လင်းရောင်ခြည်ဦးရဲ့နောက်အလင်းသစ် ပါထပ်ရောက်လာတော့ ဖေဖေဘဝ ပိုတောက်ပပြီပေါ့..လာခြင်းကောင်းတဲ့ သမီးလေး အလင်းသစ်ရေ..ရောဂါဘယကင်းဝေးပြီး ကျန်းမာချမ်းသာစွာနဲ့ အသက်ရာကျော်ရှည်ပါစေ.ဆင်းရဲဒုက္ခနည်းပါးလှစွာနဲ့ ဘဝကိုအလှပဆုံးဖြတ်သန်းနိုင်သူဖြစ်ပါစေ.အများအကျိုး၊ လောကကောင်းကျိုး သယ်ပိုးရွက်ဆောင်နိုင်သော ဉာဏ်ပညာစွမ်းပကားတို့နဲ့ ပြည့်စုံသူဖြစ်ပါစေ..ဖေဖေလည်း သမီးတို့တစ်သက်လုံး ယုံကြည်လေးစားထိုက်တဲ့၊ ဂုဏ်ယူအားကိုးထိုက်တဲ့ ဖေဖေဖြစ်အောင် ပိုကြိုးစားသွားပါ့မယ် သမီးတို့ရေ..ချစ်စရာသမီးလေးတွေကို မွေးပေးတဲ့

ချစ်ဇနီးမြတ်မိုး ကိုလည်း ကျေးဇူးကမ္ဘာပါ..အာဘွားကမ္ဘာပါ.. "ဆိုပြီးရေးသားထားပါတယ်။

source:သြရသ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။