ဧပြီ ၂၂ ရက် နံနက် ၉ နာရီက ကျင်းပခဲ့သည့် မြို့ပြစနစ်ဆိုင်ရာ လူငယ်ပါဝင်မှုအခန်းကဏ္ဍ တွေ့ဆုံဆွေးနွေးပွဲ (Youth Agenda in Urban Planning Forum) တွင် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပုဂ္ဂလိကထံ ရောင်းစားထားသည့် နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိသော ရှေးဟောင်း အမွေအနှစ်အဆောက်အအုံများကို ပြန်လည် သိမ်းယူတော့မည်လို့ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။ 

" နှစ် ၁၀၀ ကျော် အဆောက်အအုံကြီးတွေရှိတယ်။ အဲဒါတွေကို တစ်နည်းအားဖြင့် ကျွန်တော်တို့ ရောင်းမစားဘဲနဲ့ ပြစားရင် မကောင်းဘူးလား။ ရောင်းစားတဲ့ဟာတွေကိုလည်း ပြန်ယူရတော့မယ်။ မရတော့ဘူး။ ဒါတွေက အမွေအနှစ်တွေဖြစ်တယ်။

အဲဒီအမွေအနှစ်တွေကို ဘယ်သူတွေ လက်ထဲထည့်ထားရမလဲဆိုရင် လူငယ်တွေရဲ့ လက်ထဲကို ထည့်ရတော့မယ် ’’ ဟု ရန်ကုန်မြို့တော်ဝန်က ပြောကြားခဲ့တာဖြစ်ပါတယ်။

အိမ်နီးချင်းထိုင်း နိုင်ငံတို့ ကိုရီးယားနိုင်ငံတို့မှာ နှစ်စဉ်လာရောက်လည်ပတ်သူတွေပေါများလွန်းတော့ ဝင်ငွေတွေသောက်သောက်လဲရကြောင်း နှင့် ယင်းပုံစံများကို နမူနာယူပြီး ပြစားရတော့မည်ဖြစ်ကြောင်းကိုလည်း ရှင်းပြခဲ့ပါတယ်။

" ပြုပြင်ရုံနဲ့ မပြီးသေးဘူး။ ပြုပြင်တဲ့နောက်မှာ Commercial ပါရမယ်။ မြဘုရားဆိုလို့ရှိရင် ရွှေတိဂုံဘုရားနဲ့ယှဉ်ရင် ၁၀ ပုံရင်တစ်ပုံတောင် မရှိပါဘူး။ ဒါပေမယ့် ဝင်ငွေက သောက်သောက်လဲ။ အဲဒီနောက်မှာ Commercial လိုက်လာတာ။ ကျွန်တော်တို့လည်း လုပ်ရတော့မယ် ’’ ဟု ဆိုသည်။ " သမိုင်းကို တန်ဖိုးထားရတော့မည်ဖြစ်ကြောင်း နှင့် ရောင်းလိုက်လို့ရှိရင် သမိုင်းကို ရောင်းလိုက်တာနဲ့အတူတူပဲ၊ သမိုင်းက လူငယ်တွေလက်ထဲမှာ မရှိရင် ဒီလူငယ်တွေဟာ

သမိုင်းပျောက်တဲ့ လူငယ်တွေဖြစ်လာမယ် ’’ ဟု ဆက်လက်ပြောကြားခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲကို လူငယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး မြို့ပြစီမံကိန်းကိစ္စရပ်များကို ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ 

Source: Yangon Youth Network

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။