မိုးဟေကို သည် မော်ဒယ်နှင့် ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်သည်။ သူမကို ၁၉၈၅-ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် အဖ ဦးကျော်မင်းနှင့် အမိ ဒေါ် နုနုစိန်တို့မှ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ စိန်ပန်းရပ်ကွက်တွင် မွေးဖွားသည်။ နာမည်ရင်းမှာ အေးအေးခိုင် ဖြစ်သည်။ ကိုးတန်းကျောင်းသူ ဘဝထဲက တင်မိုးလွင်၏ မော်ဒယ်လ်သင်တန်းတက်ခဲ့သူ ဖြစ်သည်။ ၁၉၉၉-ခုနှစ်တွင် ကြော်ငြာတစ်ခု စတင်ရိုက်ကူးခဲ့ပြီး အနုပညာလောကထဲသို့ ရောက်ရှိခဲ့သူ ဖြစ်သည်။ မော်ဒယ်လ်လောကမှ သရုပ်ဆောင်ဖက် ကူးလာသူဖြစ်သည်။ သူမသည် ၂၀၁၄-၂၀၁၅ အကယ်ဒမီ ပေးပွဲအတွက် ဒါရိုက်တာ ဝိုင်း ရိုက်သော နှလုံးသားဖြင့်ပြုလုပ်သည် (Made in Heart ) ဇာတ်ကားဖြင့် တစ်ကြိုပေးခြင်းခံခဲ့ရသည်။

Source: မိုးဟေကိုအကြောင်းစွယ်စုံကျမ်း

AYK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။