ဂျပန်နိုင်ငံဟာ နည်းပညာတိုးတက်နေတဲ့ နိုင်ငံတွေထဲမှာ တော့ ထင်ထင်ရှားရှားကြီးကိုပါဝင်နေပါတယ်။ သူတို့နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း နည်းပညာအသစ်ပေါင်းများစွာကို တီထွင်လျက်ရှိနေပါတယ်။ ဒီတစ်ခါမှာတော့ ဂျပန်နိုင်ငံက တီထွင်လိုက်တဲ့ ကျန်းမာရေးဆိုင်ရာနည်းပညာအသစ်တစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။

ထိုပစ္စည်းလေးကတော့ ခန္ဓာကိုယ်မှာ တိုက်ရိုက်ထိကပ်ထားရုံနဲ့ ကျန်းမာရေးအခြေအနေများကို ဖော်ပြပေးနိုင်တဲ့ ပစ္စည်းလေးပဲ ဖြစ်ပါတယ်။ အရေးကြီးတဲ့ ကျန်းမာရေးအချက်အလက်တွေကို ခံစားမှု ပုံသဏ္ဌာန် ( emojis ) လေးတွေနဲ့ ပြသပေးမည့် ဆေးပလာစတာကဲ့သို့ အထူ ၁ မီလီမီတာလောက်ရှိတဲ့အရာလေးပါ။ အိပ်ယာထဲလဲနေသူများ၊ ဆေးရုံဆေးခန်းများနှင့် ဝေးလံသည့်အရပ်ကလူများ ၊ ဆွေမျိုးများနှင့်ဝေးလံသည့် အရပ်မှ မိသားစုများအတွက် တိုကျိုတက္ကသိုလ်က Takao Someya လို့ အမည်ရှိတဲ့ ပရော်ဖက်ဆာတစ်ဦးကတီထွင်ခဲ့ပါတယ်။ 

လက်ဝါးမှာပဲဖြစ်ဖြစ်၊ လက်ဖမိုးမှာပဲဖြစ်ဖြစ် ကပ်ထားလိုက်ရုံဖြင့် လူနာရဲ့ ကျန်းမာရေးအချက်အလက်များကို သိရှိနိင်ခြင်း၊ အနေဝေးနေတဲ့ အဖိုးအဖွားများနှင့် မြေးသားသမီးများကြား ရင်းနှီးမှုကို ပိုရစေခြင်း၊စသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်မှာပါ။ “သင်ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတခုခုမှာ တစ်စုံတစ်ရာခံစားရပြီဆိုရင် သင်၏အရေပြားပေါ်မှာ ကပ်ထားလိုက်ပါ။ သင်ခန္ဓာကိုယ်ရဲ့ ရောဂါများ၊ စိတ်ခံစားမှုများကို စက်၏မျက်နှာပြင်မှာ ပြသပေးလိမ်မယ်လို့” Someya က ပြောပါတယ်။

Source:Japan today

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။