မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ အာစီယံယူ၁၅အမျိုးသားဘောလုံးပြိုင်ပွဲရဲ့အုပ်စုပွဲမှာတော့ မြန်မာအသင်းဟာတီမောအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။အဖွင့်ပွဲစဉ်မှာစင်ကာပူအသင်းကိုသရေကျခဲ့တာကြောင့် အုပ်စုတက်ဖို့ဆို တီမောအသင်းကိုအနိုင်ရဖို့လိုအပ်ပေမယ့်ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စုတက်ဖို့မျှော်လင့်ချက်တွေနည်းသွားခဲ့တာဖြစ်ပါတယ်။

တီမောအသင်းကတော့ ဒီပွဲအနိုင်ရခဲ့တာကြောင့်နှစ်ပွဲကစားနှစ်ပွဲနိုင်နဲ့ အုပ်စုတက်ဖို့အခြေနေတွေကောင်းသွားခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းဟာဒီနေ့ပွဲစဉ်မှာအနိုင်ရဖို့ကြိုးစားခဲ့ပေမယ့်လည်း တီမောအသင်းရဲ့မာကျောတဲ့ကစားပုံတွေကိုဘယ်လိုမှယှဉ်ပြိုင်မကစားနိုင်ခဲ့တာဖြစ်ပါတယ်။တီမောအသင်းဟာပထမပိုင်းမှာကစားကွက်အသာနဲ့တစ်ဂိုးသွင်းပြီးဦးဆောင်ထားတာပါ။

ဒုတိယပိုင်းမှာတော့မြန်မာအသင်းဟာခြေပဂိုးရဖို့ကြိုးစားခဲ့ပေမယ့် တီမောအသင်းကလည်းအကောင်းဆုံးခြေစွမ်းတွေနဲ့ကာကွယ်ခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှာလည်းတီမောအသင်းက၂ဂိုးအထိသွင်းယူနိုင်ခဲ့ပြီးမြန်မာအသင်းကခြေပဂိုးတစ်ဂိုးသာသွင်းယူနိုင်ခဲ့တာကြောင့်ပွဲအပြီးမှာ (၁-၃)နဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းကတော့ တီမောအသင်းကိုရှုံးနိမ့်ခဲ့တာကြောင့်အုပ်စုတက်ဖို့မျှော်လင့်ချက်နည်းသွားခဲ့ပေမယ့် နောက်ပွဲတွေမှာအနိုင်ရဖို့လိုအပ်နေတာဖြစ်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။