မြန်မာနေရှင်နယ်လိဒ်ပြိုင်ပွဲကြီးကျင်းပလာတာကတော့ ၁၀စုနှစ်တစ်ခုကိုကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်။မြန်မာနေရှင်နယ်လိဒ်ပြိုင်ပွဲဟာအစပိုင်းမှာ ပရိသတ်တွေကွင်းလုံးပြည့်နဲ့အောင်မြင်ခဲ့ပေမယ့်နောက်ပိုင်းမှာတော့ ပရိသတ်တွေစိတ်ဝင်စားမှုနည်းခဲ့တာဖြစ်ပါတယ်။ခုနောက်ပိုင်းမှာတော့အိမ်ကွင်းအဝေးကွင်းတွေများစွာကျင်းပနိုင်တာကြောင့်ပရိသတ်စိတ်ဝင်စားမှုတွေမြင့်တက်လာတာဖြစ်ပါတယ်။

ခုနောက်ပိုင်းမှာတော့မြန်မာနေရှင်နယ်လိဒ်အသင်းတွေဟာအာရှဘောလုံးအဖွဲ့ချုပ်ကကျင်းပတဲ့ AFC Champion League,AFC Cup ပြိုင်ပွဲတွေကိုယှဉ်ပြိုင်နေကြတာဖြစ်ပါတယ်။မြန်မာကလပ်တွေဟာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့်ခုချိန်ထိအောင်မြင်မှုတွေနဲ့ဝေးကွာနေတုန်းပဲဖြစ်ပါတယ်။မြန်မာနေရှင်နယ်လိဒ်ကလပ်တွေထဲမှာ အာရှအဆင့်ပြိုင်ပွဲတွေထဲမှာ ဗိုလ်စွဲနိုင်ခဲ့တာကတော့ ရတနာပုံအသင်းပဲဖြစ်ပါတယ်။

၂၀၀၉ခုနှစ်မှာတော့ရတနာပုံအသင်းဟာ AFC President Cup ကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ရတနာပုံအသင်းဟာအဲ့နှစ်တွေတုန်းကတော့မြန်မာနေရှင်နယ်လိဒ်မှာ အကောင်းဆုံးခြေစွမ်းတွေပိုင်ဆိုင်ထားပြီး အာရှပြိုင်ပွဲတွေမှာပါရလဒ်ကောင်းတွေယူနိုင်ခဲ့တာပါ။ပရိသတ်တွေကလည်းတစ်ချိန်ကမြန်မာ့ဂုဏ်ဆောင်ရတနာပုံအသင်းရဲ့အောင်ပွဲခံပုံရိပ်လေးတွေကိုတင်ဆက်ပေးလိုက်ကပါတယ်။

Source:

Yadanarbon FC Highlights

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။