မြောင်တောင်အသင်းတိုက်စစ်မှူးအောင်သူကတော့ထိုင်းပရီးမီးယားလိဒ်ပွဲစဉ်ဖြစ်(၂၁)ဖြစ်တဲ့Chainat Hornbill FC အသင်းနဲ့ပွဲမှာပွဲထွက်ကစားသမားအဖြစ်ပါဝင်ခဲ့ပါတယ်။အောင်သူကတော့ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခဲ့တဲ့အဆိုပါပွဲမှာတော့ အသင်းအတွက်တစ်ဂိုးပံ့ပိုးမှုပေးခဲ့ပြီးအသင်းအတွက်အနိုင်ဂိုးတစ်ဂိုးကိုလည်းသွင်းယူပေးခဲ့တာပါ။ဒီနှစ်ရာသီမြောင်တောင်အသင်းအတွက်အောင်သူရဲ့တတိယမြောက်သွင်းဂိုးလည်းဖြစ်ခဲ့ပါတယ်။

အောင်သူကတော့ပြီးခဲ့တဲ့အပတ်ကပွဲစဉ်မှာလူစားလဲဝင်ရောက်ကစားပြီး အသင်းအတွက်အဖိုးတန်အနိုင်ဂိုးသွင်းယူပေးခဲ့တာကြောင့်ထိုင်းပရိသတ်တွေအသင်းဖော်တွေရဲ့ချစ်ခင်မှုကိုရထားတာဖြစ်ပါတယ်။ပရိသတ်တွေရဲ့ပွဲထွက်ကစားသမားအဖြစ်တောင်းဆိုမှုကြောင့်လည်းဒီနေ့ပွဲမှာ ပါဝင်လာပြီးခြေစွမ်းပနိုင်ခဲ့တာဖြစ်ပါတယ်။အောင်သူကတော့ဒီနေ့ပွဲစဉ်မှာ၂မိနစ်ကတည်းကအသင်းဖော်ဂိုးရရှိအောင်ပံ့ပိုးခဲ့တာဖြစ်ပြီး ၄၈မိနစ်မှာအသင်းအတွက်ကိုယ်တိုင်ဂိုးသွင်းယူပြီးပွဲအပြီးမှာ(၃-ဝ)ဆိုပြီးဂိုးပြတ်အနိုင်ရအောင်စွမ်းဆောင်ပေးခဲ့တာပါ။

အောင်သူကတော့ဒီနေ့ခြေစွမ်းပြမှုကြောင့်အသင်းဖော်နည်းပြပရိသတ်တွေရဲ့ချီးကျူးမှုတွေရပြီးနောက်ပွဲစဉ်တွေမှာလည်းပွဲထွက်ကစားသမားအဖြစ်တွေ့ရဖွယ်ရှိနေတာပါ။မြောင်တောင်အသင်းကိုရောက်ခါစကခြေစွမ်းပြနိုင်ဖို့ရုန်းကန်ရပြီးပွဲထွက်ခွင့်တွေပျောက်ဆုံးနေတာပါ။ခုမှာတော့ခြေစွမ်းတွေပြန်ရပြီးဂိုးတွေသွင်းနေတဲ့အောင်သူ့ရဲ့အမိုက်စားပံ့ပိုးပေးမှုနဲ့သွင်းဂိုးvideoလေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:

ชายเล่าบอล

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။