ရီးရဲယ်မက်ဒရစ်အသင်းရဲ့စိတ်ဝင်စားခြင်းကိုခံနေရတဲ့ဘယ်လ်ဂျီယံကြယ်ပွင့်အီဒင်ဟာဇက်ကသူ့အနေနဲ့ချဲလ်ဆီးနဲ့စာချုပ်သစ်သစ်ချုပ်ဆိုရန်အလောတကြီးမရှိဘူးလို့ပြောသွားခဲ့ပါတယ်။

အသက်၂၆နှစ်အရွယ်ချဲလ်ဆီးကြယ်ပွင့်ဟာပရီးမီးယားလိဂ် Leader နဲ့လာမည့်၂၀၂၀ဇွန်လအထိစာချုပ်သက်တမ်းရှိနေပေမယ့်လာလီဂါရဲ့အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ရီးရဲယ်မက်ဒရစ်ကတော့နွေရာသီမှာဟာဇက်ကိုစတန်းဖို့ဘရစ်ချ်မှာခေါ်ယူရန်ပြင်ဆင်နေတယ်လို့သိရပါတယ်။

ဟာဇက်က “ဒီအချိန်မှာတော့စာချုပ်သစ်ချုပ်ဆိုဖို့ဘာလက္ခဏာမှမရှိသေးပါဘူး။ နောက်ဆုံးလအတွက်ကိုပဲအပြည့်အဝအာရုံစိုက်နေပြီးစာချုပ်သစ်ကိစ္စတွေကိုတော့နောက်မှပဲပြောသွားမှာပါ။

စာချုပ်သစ်အတွက်ကျွန်တော့်ခေါင်းထဲမှာဘာမှမရှိသေးပါဘူး။ ချဲလ်ဆီးနဲ့စာချုပ်သက်တမ်းက၂နှစ်၃နှစ်လောက်ကျန်နေပါသေးတယ်။ ကျွန်တော့်အနေနဲ့ဒီရာသီကိုအကောင်းဆုံးအဆုံးသတ်နိုင်ဖို့သာအလိုရှိနေပြီးကျန်တာကိုတော့နွေရာသီမှပဲစောင့်ကြည့်သွားရမှာပါ။” လို့ပြောလိုက်ပါတယ်။

အီဒင်ဟာဇက်ဟာဒီရာသီပရီးမီးယားလိဂ်နဲ့အက်ဖ်အေဖလားဆွတ်ခူးနိုင်ဖို့အခြေအနေကောင်းနေတဲ့ချဲလ်ဆီးအသင်းအတွက်အကောင်းဆုံးပုံစံကိုရရှိနေပြီးပရီးမီးယားလိဂ်၃၁ပွဲမှာသွင်းဂိုး၁၅ဂိုးရရှိထားပြီး၎င်းရဲ့ချဲလ်ဆီးကစားသမားဘဝမှာအကောင်းဆုံးလိဂ်သွင်းဂိုးမှတ်တမ်းရရှိနေပါတယ်။

Ref: BT Sports

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။