၂၀၁၅ယူ၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲတွေထဲကနေ မြန်မာ့လက်ရွေးစင်အသင်းကြီးမှာပါခြေစွမ်းပြသွင်းဂိုးတွေသွင်းယူနေတဲ့လူငယ်တိုက်စစ်မှူးလေးကတော့မောင်မောင်လွင်ပဲဖြစ်ပါတယ်။သူကတော့လက်ရှိရန်ကုန်ယူနိုက်တက်အသင်းမှာပါခြေစွမ်းပြပြီးအောင်မြင်မှုတွေယူပေးနေတဲ့ကစာသမားတစ်ယောက်ဖြစ်ပါတယ်။သူ့ရဲ့တိကျတဲ့သွင်းဂိုးတွေနဲ့နိုင်ပွဲတွေယူပေးနေတာကြောင့်ပရိသတ်ရဲ့အချစ်တော်တစ်ယောက်လည်းဖြစ်ပါတယ်။

သူကတော့လက်ရှိအချိန်မှာမြန်မာ့လက်ရွေးစင်အသင်းမှာလည်းအကောင်းဆုံးခြေစွမ်းပြကစားနေတာကြောင့်ပရိသတ်တွေအားကိုးနေရတဲ့ကစားသမားပဲဖြစ်ပါတယ်။အသက်ငယ်သေးပေမယ့် ဘောလုံးစွမ်းရည်အပြည့်ပါရမီရှိတဲ့တိုက်စစ်မှူးတစ်ယောက်ဖြစ်တာကြောင့် ခုလိုအောင်မြင်နေတဲ့ကစားသမားအဖြစ်ရပ်တည်နေရတာပါ။

ပြီးခဲ့တဲ့အပတ်မြန်မာနေရှင်နယ်လိဒ်ပြိုင်ပွဲဖြစ်တဲ့စစ်ကိုင်းအသင်းနဲ့ပွဲမှာလည်းတစ်ဖက်လူ၅ယောက်ကြားထဲကနေထွက်သွားခဲ့တာကလည်းကမ္ဘာကျော်တော်တော်များများတောင်မလုပ်နိုင်တာကိုလုပ်ပြခဲ့တာပါ။ပရိသတ်တွေလည်းသူများမလုပ်နိုင်တာကိုလုပ်ပြနိုင်ခဲ့တဲ့ မောင်မောင်လွင်ရဲ့စကေး video လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:

Yangon United 12th Players

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။