ပြီးခဲ့တဲ့ ဧပြီလလောက်က ထိုင်းနိုင်ငံဘန်ကောက်မြို့မှာ ဒုရဲမှူးကြီးတစ်ဦးနဲ့ သူ့ရဲ့ ဇနီး ၊ သမီးလေးတို့ အတူစီးလာတဲ့ ကားကို အရက်မူးပြီးမောင်းနှင်လာတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးရဲ့ကားက ဝင်တိုက်မိခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်ကြောင့် ရဲမှူးကြီးနဲ့ ဇနီးဖြစ်သူဟာ သေဆုံးသွားခဲ့ရသလို သူတို့ရဲ့ အသက် ၁၂ နှစ်အရွယ် သမီးလေးကတော့ ပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် ၎င်းစီးပွားရေးလုပ်ငန်းရှင် ဟာ တရားရုံးမှာ လူသေစေမှုအပြင် အခြားသောစွဲချက်တွေနဲ့ တရားစွဲဆိုခံခဲ့ရသလို သူကိုယ်တိုင်လည်း သံဝေဂရပြီး သူ့ကြောင့် သေဆုံးခဲ့ရတဲ့ ဒုဗိုလ်မှူကြီးတို့ ဇနီးမောင်နှံရဲ့ မိဘတွေကို ခြေသလုံးဖက် တောင်းပန်ခဲ့သလို ဈာပနအခမ်းအနားမှာလည်း သူကိုယ်တိုင် သင်္ကန်းစီးပြီး အပြစ်တွေကို ဆေးကြောခဲ့ပါတယ်။

အဲ့ဒီနောက်မှာ သေဆုံးသူတွေရဲ့ မိဘတွေက အရက်ပါဖြတ်ခိုင်းတာကြောင့် တသက်လုံးအရက်သေစာမသောက်စားတော့ဘူးလို့ ကတိစကားခံကာ အရက်ကိုဖြတ်ပစ်ခဲ့ပါတယ်။

သို့ပေမယ့် တရားဥပဒေကတော့ သူ့ကိုခွင့်မလွတ်ခဲ့ဘဲ တရားရုံးကနေ သူ့ရဲ့လုပ်ရပ်အတွက် ထောင်ဒဏ် ၆ နှစ်နဲ့ ငွေ ၂ သန်း အပြစ်ဒဏ်ကို ကနဦး ချမှတ်ခဲ့တယ်လို့သိရပါတယ်။

၎င်းစီးပွားရေး လုပ်ငန်းရှင်အမျိုးသားကတော့ တရားရုံးကနေ ချမှတ်တဲ့ အပြစ်ဒဏ်တွေကိုလည်း ကျေကျေနပ်နပ်ခံယူခဲ့သလို သေဆုံးသူရဲ့ ကျန်ရှိနေတဲ့ သမီးလေးနှစ်ယောက်ကိုလည်း ဘတ် ၄၅ သန်းလျော်ကြေးပေးကာ ခွင့်လွှတ်ဖို့ အသနားခံခဲ့ပါတယ်။

ဒါ့အပြင် နောက်ထပ် ၈ နှစ်ကြာတဲ့အထိ သေဆုံးသူရဲ့ မိသားစုကို တလကိုဘတ် ရှစ်သောင်းထောက်ပံပေးသွားမှာဖြစ်သလို ကျန်ရှိခဲ့တဲ့ သမီးလေးနှစ်ယောက်ကိုလည်း သူ့ရဲ့ သမီးအရင်းလေးတွေလို ပြုစုစောင့်ရှောက်သွားမယ်လို့ ကတိပြုခဲ့ကြောင်း သိရပါတယ်။

သေဆုံးသူရဲ့ သမီးလေးနှစ်ယောက်ဟာဆိုရင်လည်း မိဘတွေသေဆုံးသွားလို့ အရမ်းဝမ်းနည်းရပေမယ့် သူ့အပြစ်ကိုသူသိပြီး အသနားခံနေတာ့ ခွင့်လွတ်ပေးလိုက်တာက အကောင်းဆုံးပါ တကယ့်လို့ ခွင့်မလွှတ်ဘူးဆိုရင် နှစ်ဖက်လုံးအတွက် ဘာအကျိုးမှမရှိနိုင်ဘူးလို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာဆိုရင်လည်း ထိုင်းနိုင်ငံရဲ့ မီဒီယာတွေပေါ်မှာ ဒီသတင်းဟာ ဟိုးလေးတကျော်ကျော်ဖြစ်နေပြီး ကိုယ့်အပြစ်ကိုသိပြီး အကောင်းဆုံးပြန်တာဝန်ယူဖို့ကြိုးစားတဲ့ လုပ်ငန်းရှင်နဲ့ မိဘတွေကို သေစေတဲ့သူကိုတော့ ဂရုဏာထားပြီး ခွင့်လွှတ်ပေးနိုင်တဲ့ သမီးလေးနှစ်ယောက်ကို ချီးမွန်းထောပနာပြုနေကြတယ်လို့ သိရပါတယ်။

Source _ Stomp

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။