ခုနောက်ထပ်ပြင်သစ်သမ္မတဖြစ်တော့မယ်သူဟာ အသက် ၃၉ နှစ်ရှိပါပြီ။

ဒါဟာ သတင်းမဟုတ်သေးပါဘူး ။

သူဟာ အသက် ၆၄ နှစ်အရွယ် မိန်းမကိုလက်ထပ်ထားပါတယ် ။

ဒါဟာလဲ သတင်းမဟုတ်သေးပါဘူး ။

သူ့ရဲ့ ဇနီးဟာ လွန်ခဲ့တဲ့ ၂၄ နှစ်က သူ့ဆရာမပါ ။

သတင်းကဒါလဲ မဟုတ်သေးပြန်ဘူး ။

သူ့ရဲ့ ဆရာမမှာသမီးတစ်ယောက်ရှိပြီး အဲဒီသမီးက သူနဲ့ အတန်းဖော် သူငယ်ချင်းတွေဖြစ်ပြီး

သူ့မိဘကအစ လူတိုင်းက ဆရာမနဲ့ ချစ်ကြိုက်နေတယ်မထင်ဘဲ သူ့ အတန်းဖော်သူငယ်ချင်းနဲ့

ချစ်ကြိုက်နေတယ်လို့ထင်ခဲ့ကြတာပါ ... အထင်တွေအကုန်လုံးမှားယွင်းခဲ့ပါတယ် ။

သူဟာ ၁၅ နှစ်အရွယ်ထဲကသူ့ဆရာမနဲ့ ချစ်ကြိုက်ခဲ့တာဖြစ်ပြီး ဆရာမမှာ အရင်အိမ်ထောင်ကရတဲ့

ကလေး ၃ ယောက်ရှိနေပါတယ် ။ သူ ၁၇ နှစ်အရွယ် သူ့ဆရာမ ၄၂ နှစ်အရွယ်မှာ ဆရာမကို လက်ထပ်မယ်

လို့ သူကတိပေးခဲ့ပါတယ် ။ သူ့ကတိအတိုင်း သူအသက် ၃၀ သူ့ဆရာမအသက် ၅၅ နှစ်လောက်မှာ

သူတို့လက်ထပ်ခဲ့ကြပါတယ် ။ နောက်လ သူအသက် ၄၀ ပြည့်ဖို့ ၆ လအလိုမှာ သူဟာပြင်သစ်ရဲ့

သမ္မတအသစ်အဖြစ် ကျမ်းကျိန်တော့မှာပါ ။ သူ့ရဲ့ ချစ်ဇနီးက အရွယ်ရောက်ပြီးသား ကလေး ၃ ယောက်

နှင့် မြေး ၇ ယောက်ရရှိနေခဲ့ပါပြီ ။ ( သူမရဲ့အကြီးဆုံးကလေးဟာ သူမခင်ပွန်းထက် ၂ နှစ်ကြီးပြီး ၊ ဒုတိယကလေးကတော့

သူမခင်ပွန်းနဲ့ ကျောင်းနေဘက်သူငယ်ချင်းပါ ) ။ သူနာမည်ကတော့ Emmanuel Macron ဖြစ်ပြီး

သူဟာ ပြင်သစ်ရဲ့ သမ္မတလောင်းဖြစ်ပါတယ် ။

အဲဒီတော့ ခုချိန်ထိ ချစ်သူမရသေးတဲ့သူတွေ စိတ်မပူနဲ့နော် ။ သင့်ရဲ့ ဖူးစာရှင်က မမွေးသေးတာလဲဖြစ်နိုင်ပါတယ် ။

Source : The Hummingbird Post

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။