မန်ချက်စတာယူနိုက်တက်အသင်းကခေါ်ယူဖို့ကြိုးစားနေတဲ့ဂျူဗင်တပ်တိုက်စစ်မှူးဒိုင်ဘာလာကိုတော့ ကမ္ဘာကျော်ကစားသမားရော်နယ်ဒိုကပြောင်းရွေ့သင့်ကြောင်းအကြံပေးပြောကြားခဲ့တာပါ။မန်ချက်စတာယူနိုက်တက်အသင်းဟာအသင်းရဲ့လိုအပ်နေတဲ့ လူငယ်တိုက်စစ်မှူးနေရာမှာတော့ဒိုင်ဘာလာကိုခေါ်ယူချင်နေတာဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းကလည်းဒိုင်ဘာလာအတွက်ပေါင်သန်း၈၀အထိလိုချင်နေတာဖြစ်ပြီးမန်ယူအသင်းကလည်း ပေးချေဖို့အဆင်သင့်ရှိနေတာဖြစ်ပါတယ်။ဒိုင်ဘာလာကိုခေါ်ယူဖို့စပါးအသင်းကလည်းအလိုရှိနေတာဖြစ်ပေမယ့်လည်းမန်ချက်စတာယူနိုက်တက်သင်းကတော့ဒိုင်ဘာလာရဲ့တန်ကြေးကိုပေးနိုင်တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာ တစ်ချိန်ကအောင်မြင်မှုတွေဆွတ်ခူးနိုင်ခဲ့တဲ့ရော်နယ်ဒိုကမန်ယူအသင်းမှာသာကစားမယ်ဆိုအကောင်းဆုံးကစားသမားဖြစ်လာမှာဆိုတာကြောင့်ပြောင်းရွေ့ကစားသင့်ကြောင်းပြောကြားခဲ့တာပါ။ဒါကြောင့်မန်ချက်စတာယူနိုက်တက်အသင်းနဲ့ဒိုင်ဘာလာတို့အပြောင်းအရွေ့ကတော့မကြာခင်မှာသတင်းကောင်းကြားရတော့မှာဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။