မန်ချက်စတာယူနိုက်တက်အသင်းဟာသူတို့ရဲ့တိုက်စစ်မှူးလူကာကူကိုဂျူဗင်တပ်အသင်းရောင်းချဖို့သဘောတူညီခဲ့တာဖြစ်ပါတယ်။ဂျူဗင်တက်အသင်းဟာတိုက်စစ်မှူးလူကာကူကိုတစ်နှစ်လုပ်ခယူရို၈.၂သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပါတယ်။ဂျူဗင်တပ်အသင်းကိုနည်းပြအဖြစ်ရောက်ရှိနေတဲ့ဆာရီကတော့ အသင်းကိုရောက်ရောက်ချင်းမှာပဲလူကာကူကိုခေါ်ယူချင်တာဖြစ်ပါတယ်။

လူကာကူကတော့အင်တာအသင်းကိုပြောင်းရွေ့ဖို့သတင်းတွေထွက်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာအဆင်မပြေပဲဖြစ်နေခဲ့တာပါ။ခုမှာတော့မန်ချက်စတာယူနိုက်တက်အသင်းကလည်းဂျူဗင်တိုက်စစ်မှူးဒိုင်ဘာလာကိုခေါ်ယူချင်နေတာဖြစ်တာကြောင့် အသင်းတိုက်စစ်မှူးလူကာကူကိုဂျူဗင်အသင်းထံရောင်းချခဲ့တာပါ။

လူကာကူဂျူဗင်တပ်အသင်းကိုရောက်ရှိခဲ့တာကြောင့် မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ဒိုင်ဘာလာကိုခေါ်ယူဖို့အခွင့်ကောင်းတွေရှိလာခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းကလည်းလာမယ့်ရာသီအတွက်ပြင်ဆင်မှုတွေလုပ်နေတာဖြစ်တာကြောင့်ကစားသမားကောင်းတွေခေါ်ယူနေတာပဲဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။