ကမ္ဘာသိဖိုက်တာတစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်းနဲ့ပတ်သက်ပြီးနိုင်ငံအနှံ့အပြားမှာ ချီးကြူးပြောဆိုမှုတွေကတော့ မကြာခဏဆိုသလို ကြားသိနေရပါပြီ။ ေအောင်လအန်ဆန်းကတော့ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ဖိုက်တာဆုရရှိခဲ့သူတစ်ယောက်ဖြစ်ပြီး အောက်တိုဘာလ မှာလည်း လိုက်ဟဲဗီးချန်ပီယံ ခါးပတ်ကာကွယ်ပွဲအတွက် ဟဲဗီးဝိတ်ချန်ပီယံ ဗီရာနဲ့ ထိုးသတ်ဖို့ရှိနေသူတစ်ယောက်လည်းဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲကတော့ ပြည်တွင်းသာမက ကမ္ဘာ့အနှံ့အပြားမှာစိတ်ဝင်တစားရှိနေတဲ့ ပြိုင်ပွဲတစ်ပွဲဖြစ်ပြီး ပရိသတ်တွေရဲ့ ရင်ခုန်မှုအများဆုံးရရှိထားတဲ့ ပြိုင်ပွဲကြီးလည်း ဖြစ်ပါတယ်။

အောင်လအန်ဆန်းကတော့ မြန်မာနိုင်ငံရဲ့ အထင်ကရမြို့ကြီးတွေကို ရောက်ရှိဖူးသူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေနဲ့ တရင်းတနှီးရှိသူတစ်ယောက်လည်းဖြစ်ကြောင်း သိရပါတယ်။ ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပေမယ့် ပြည်တွင်းရှိ အထင်ကရဗုဒ္ဓဘာသာနေရာများစွာကိုလည်း တန်ဖိုးထားချစ်မြတ်နိုးတက်သူတစ်ယောက်လည်းဖြစ်ပါတယ်။ အောင်လကတော့ မန္တလေးဦးပန်တံတားကိုရောက်ရှိခဲ့ပြီး ဗုဒ္ဓဘာသာဝင်သီလရှင်လေးနဲ့အတူ အမှတ်တရ ဓာတ်ပုံတွေရိုက်ကူးခဲ့တာတွေ့ရပါတယ်။   

အဆိုပါ ပုံရိပ်တွေကတော့ မြန်မာနိုင်ငံကိုရောက်ရှိစဉ်ခါက ရိုက်ကူးခဲ့တာဖြစ်ပြီး မြန်မာ့နိုင်ငံရဲ့ အဓိကဘာသာကြီးဖြစ်တဲ့ ဗုဒ္ဓဘာသာကိုလည်း ယုံကြည်အလေးထားသူတစ်ယောက်လည်းဖြစ်ပါတယ်။ ရန်ကုန်မြို့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ရွှေတိဂုံစေတီတော်နှင့်အတူ အခြားအထင်ကရဗုဒ္ဓနယ်မြေတွေကိုလည်း ရောက်ရှိဖူးသူတစ်ယောက်လည်းဖြစ်ပါတယ်။ အောင်လအန်ဆန်းရဲ့ ဘာသာမရွေးလေးစားမှုပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - AUNG LA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။