သြဂုတ်လ ၂ ရက်နေ့ ဒီကနေ့ မှာထိုးသတ်ဖို့ရှိနေတဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံ ဒေဝနဲ့ အမေရိကန်နိုင်ငံသား UFC ဖိုက်တာ Seth Baczynski တို့ရဲ့ ပြိုင်ပွဲကိုတော့ ပရိသတ်တွေလည်း စောင့်မျှော်နေကြပြီထင်ပါတယ်။ မြန်မာလက်ဝှေ့ရဲ့ ပွဲကောင်းတစ်ပွဲဖြစ်လာနိုင်သလို မြန်မာ့လက်ဝှေ့ကို ကမ္ဘာကသိလာနိုင်တဲ့ ပြိုင်ပွဲတစ်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။   

အဆိုပါ ပြိုင်ပွဲမှာ မြန်မာလက်ဝှေ့ ချန်ပီယံ ဒေဝပွဲစဉ်နဲ့အတူ အခြားမြန်မာ့ကိုယ်စားပြု ဖိုက်တာများစွာကလည်း ပြည်ပဖိုက်တာအသီးသီးနဲ့ ထိုးသတ်ဖို့ရှိနေကြောင်း သိရပါတယ်။ ပြိုင်ပွဲနဲ့ပတ်သက်ပြီး ပြင်ဆင်လေ့ကျင့်မှုတွေအဆက်မပျက်ပြုလုပ်ခဲ့တဲ့ နှစ်ဖက်ပြိုင်ဘက်ကစားသမားတွေကတော့ ပြိုင်ပွဲနဲ့ပတ်သက်ပြီး အဆင့်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောပြထားတာတွေ့ရပါတယ်။ 

ပြိုင်ဘက်ဖိုက်တာ အမေရိကန်နိုင်ငံသား Seth Baczynski ကတော့ ဒေဝနဲ့ပတ်သက်ပြီး ပြောပြမှုတွေကိုလည်းြပောပြထားတာတွေ့ရပါတယ်။ အဆိုပါြပောပြချက်တွေမှာတော့ မြန်မာနိုင်ငံရဲ့ လက်ဝှေ့ပညာကိုလေးစားကြောင်းနှင့်အတူ ပြိုင်ဘက်ကောင်းတစ်ယောက်နဲ့ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ဆိုးရိမ်မှုအနည်းငယ်ရှိနေကြောင်းတွေကိုပြောပြထားတာတွေ့ရပါတယ်။ မကြာမီယှဉ်ပြိုင်မည့် ပြိုင်ပွဲအတွက် ရင်ဖွင့်ခဲ့တဲ့ အမေရိကန်ဖိုက်တာ Seth Baczynski ရဲ့ ဗီဒီယိုဖိုင်ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

VIDE 0 - WLC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။