မြန်မာ့လက်ရွေးစင် ယူ-၁၈ အသင်းသည် AFF U-18 Championship 2019 ပြိုင်ပွဲဝင်ရန်အတွက် ယနေ့ (သြဂုတ် ၄ ရက်) နေ့လယ်ပိုင်းက ဗီယက်နမ် နိုင်ငံသို့ ထွက်ခွာသွားပြီဖြစ်ပါတယ်။မြန်မာ့လက်ရွေးစင်ယူ၁၈အသင်းကတော့ ဒီပြိုင်ပွဲမစခင်ကတည်းက လေ့ကျင့်မှုတွေသေချာလုပ်ထားတာကြောင့် အောင်မြင်မှုတွေယူပြီး ပြန်လာမလားဆိုတာကတော့ စောင့်မျှော်အားပေးရမှာဖြစ်ပါတယ်။

AFF U18 Championship 2019 ပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့တွင် သြဂုတ် ၆ မှ ၁၉ ထိ လက်ခံ ကျင်းပမည်ဖြစ်ပါတယ်။ မြန်မာယူ-၁၈ အသင်းသည် အုပ်စု (က)တွင် အင်ဒိုနီးရှား၊ လာအို၊ တီမော၊ ဖိလစ်ပိုင်၊ ဘရူနိုင်း အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပါတယ်။မြန်မာယူ၁၈အသင်းဟာအုပ်စုချောင်ပေမယ့် တိုးတက်ကောင်းမွန်လာတဲ့အာစီယံအသင်းတွေကြောင့် ပွဲတိုင်းကိုအမှားမခံပဲဆော့ကစားဖို့လိုအပ်နေတာဖြစ်ပါတယ်။

AFF U18 Championship 2019 ပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၆ ရက်၊ မြန်မာစံတော်ချိန်၃:၃၀မှာလာအိုအသင်းနဲ့ကစားရမှာဖြစ်ပါတယ်။မြန်မာအသင်းဟာဒီပြိုင်ပွဲမှာတီမောအသင်းနဲ့တစ်အုပ်စုတည်းကျရောက်နေတာဖြစ်ပြီးယူ၁၅အသင်းရှုံးကြွေးကိုဆပ်နိုင်ဖို့လိုအပ်နေတာပါ။အကောင်းဆုံးခြေစွမ်းတွေနဲ့ဘယ်လောက်ထိရလဒ်ကောင်းတွေယူဆောင်ပေးနိုင်မလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်အားပေးကြပါဦးနော်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။