ထိုင်းနိုင်ငံမှာကျင်းပနေတဲ့အာစီယံယူ၁၅ပြိုင်ပွဲမှာတော့ မြန်မာယူ၁၅အသင်းဟာအုပ်စုနောက်ဆုံးအဖြစ်အင်ဒိုနီးရှားယူ၁၅အသင်းနဲ့ကစားခဲ့ပြီး(၅-ဝ)နဲ့ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။ဒီပြိုင်ပွဲမှာတော့မြန်မာအသင်းဟာရှုံးပွဲတွေနဲ့ အုပ်စုအဆင့်သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

မြန်မာအသင်းဟာအုပ်စုပွဲစဉ်၅ပွဲယှဉ်ပြိုင်ကစားရာမှာ တစ်ပွဲနိုင်တစ်ပွဲသရေကျပြီး ၃ပွဲရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ခုအင်ဒိုနီးရှားအသင်းကိုလည်းအစစအရာရာမယှဉ်နိုင်ပဲနဲ့ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။ခုနောက်ပိုင်းအာစီယံဒေသတွင်းအသင်းတွေဟာတိုးတက်လာပြီးအကောင်းဆုံးခြေစွမ်းတွေကိုပြသနိုင်တာကြောင့်မြန်မာအသင်းအနေနဲ့ဒီထက်ကောင်းမွန်တဲ့ခြစွမ်းတွေရရှိဖို့လိုအပ်နေတာပါ။

ဒီပြိုင်ပွဲမှာတီမောအသင်းဟာအသင်းကြီးတွေကိုတောင်အနိုင်ယူတဲ့အသင်းဖြစ်ပြီးတိုးတက်မှုအမြင့်ဆုံးဖြစ်ပါတယ်။မြန်မာအသင်းကဒီပြိုင်ပွဲမတိုင်ခင်တရုတ်နိုင်ငံမှာခြေစမ်းပွဲတွေကစားခဲ့ပေမယ့်လည်းအတွေ့အကြုံတွေကိုအသုံးမချနိုင်တာဖြစ်ပါတယ်။နောက်ဆက်ပြီးပြိုင်ပွဲတွေမှာလည်းပရိသတ်တွေလိုချင်တဲ့အနိုင်ရလဒ်တွေရဖို့ဆိုကြိုးစားဖို့လိုအပ်နေပြီဆိုတာတင်ပြရင်းအားပေးကြပါဦးနော်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။