ရော်နယ်ဒို ဟာ အသက် 34 နှစ် ရှိနေပြီဖြစ်ပေမယ့် သူဟာ စီးရီးအေ မှာ ဂျူဗင်တပ် အသင်း ကို အကောင်းဆုံး ဦးဆောင် နိုင်ခဲ့ ပါတယ် ။ ဂျူပီကို အင်အားကြီး အသင်းဖြစ်အောင် ပြိုင်ဖက်တွေက ကြောက်လန့်အောင် ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်းပီသသူဆိုတာ တစ်ကမ္ဘာလုံးက ပရိသတ်တွေ အသိပဲ ဖြစ်မှာပါ။

ရော်နယ်ဒိုဟာ ကိုယ့်အသင်းသားတွေထိရင် လုံးဝခေါင်းငုံမခံတတ်သူ အသင်းခေါင်းဆောင်ကောင်းပီသသူ ကိုယ်အသင်းသားတစ်ယောက် ယုံကြည်မှုပျောက်ဆုံးပြီး အားငယ်နေရင် သူကိုယ်တိုင် ယုံကြည်မှုပေးပြီး အားပေးတတ်သူဆိုတာ2016 ခုနှစ် မှာ နည်းပြ ဖာနန်ဒို ဆန်းတို့စ် နဲ့ အတူ ယူရို ဖလား ဆွတ်ခူး နိုင် ခဲ့တဲ့ ၂၀၁၆ ယူရိုချန်ပီယံဖြစ်တဲ့ နှစ်မှာသက်သေပြခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ အသင်းဖော် Moutinhoဟာ Euro 2012မှာပင်နယ်တီလွဲခဲ့ဖူးတာကြောင့် Euro 2016မှာ ပင်နယ်တီကန်ရမှာကြောက်နေပြီး ပင်နယ်တီကန်ခွင့်ကို ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ အသင်းဖော် Moutinhoကိုခေါ်ပြီးအားပေးစကားပြောကာပင်နယ်တီကန်စေခဲ့ပြီး အဆိုပါပင်နယ်တီဟာ ဝင်သွားခဲ့ပါတယ်။ သေချာတာတစ်ခုကတော့ Moutinhoတစ်ယောက် ပင်နယ်တီကန်ဖို့ ကြောက်ရွံနေမှာမဟုတ်တော့ပါဘူး။ ရော်နယ်ဒိုရဲ့ ခေါင်းဆောင်ကောင်းပီသတဲ့ အဆိုပါဗီဒီယိုကို ဖော်ပြပေးလိုက်ပါတယ်။

SOURCE: Juventus Fans Club 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။