ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာ ဖော်ပြပေးချင်တာကတော့ ရုရှားနိုင်ငံမှာသာ မြင်တွေ့ရမယ့် ထူးထူးဆန်းဆန်းမြင်ကွင်းပုံရိပ်ဆေတွ အကြောင်းပဲ ဖြစ်ပါတယ်။ ရုရှားနိုင်ငံဆိုတာ အများသိတဲ့အတိုင်း အလွန်အမင်း အအေးပြင်းထန်လွန်းတဲ့အပြင် မြေနေရာဟာလည်း အကျယ်အဝန်းဆုံးနိုင်ငံ အဖြစ်သတ်မှတ်ခံထားရတာပဲ ဖြစ်ပါတယ်။ ဒီလောက်တောင် ကျယ်ပြောလှတဲ့နေရာမှာ ထူးထူးဆန်းဆန်း ဖြစ်ပျက်နေတာကလည်း တစ်ကယ့်ကို ဒုနဲ့ဒေး အများကြီးလို့တောင် ပြောလို့ရပါတယ်။

ရုရှားနိုင်ငံရဲ့ ရာသီဥတုဟာများသောအား ဖြင့် ဆောင်းတွင်းရောက်တဲ့အခါ အလွန်အမင်းကို အချမ်းပိုတဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားတဲ့ နိုင်ငံလို့တောင် ပြောလို့ရပါတယ်။ ဒါ့ကြောင့် ဆောင်းတွင်းကိုရောက်တဲ့ အခါ ရုရှားနိုင်ငံသားတွေဟာ ယောကျာ်း၊မိန်းမ မကျန် ဗော့ကာအရက်ကို အချမ်းသက်သာရာရစေရန်သောက်ကြတယ်လို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးခဲ့ပါတယ်။ တစ်ကယ်လည်း ရုရှားနိုင်ငံရဲ့ ဆောင်းရာသီဟာ ဒီလိုမျိုးသောက်မှသာ အချမ်းပြေနိုင်စေမလားဆိုတာကတော့ ပုံလေးတွေကိုသာ ကြည့်လိုက်ပါအုန်း ပရိသတ်ကြီးရေ...

သူတို့နိုင်ငံမှာ ဆောင်းတွင်းရောက်တဲ့အခါတိုင်း နှင်းထုဟာ သာမန်မိသားစုကားတစ်စင်းကို အသာလေး ဖုံးအုပ်သွားနိုင်လောက်အောင် နှင်းအလွန်အမင်းကျတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင်တစ်ခြားသော ထူးဆန်းတဲ့အရာတွေ လည်း ရုရှားနိုင်ငံကို မြင်တွေ့နိုင်ပါသေးတယ်။ အိမ်မွေးကြောင်လေးတွေကို ရေတပ်မှာ အမှုထမ်းခွင့်ပေးထားတွေ ၊ အခြားသော အနုပညာဆန်လှတဲ့ လက်ရာတွေအပြင် ထူးဆန်းတ်းလှတဲ့ပွဲတော်တွေကလည်း ရုရှားနိုင်ငံမှာ တည်ရှိတာမို့လို့ သွားရောက်လည်ပတ်သင့်တဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်ဆိုတာ ဖော်ပြပေးလိုက်ရပါတယ်ဗျ....

Photo Source : Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။