၁၉၈၈ခုနှစ်တုန်းက Robert Sternberg ဆိုတဲ့ စိတ်ပညာရှင်တစ်ဦးဟာ အချစ်နဲ့ပတ်သတ်ပြီး သီအိုရီတွေထုတ်ခဲ့ပါတယ်။ သူရဲ့သီအိုရိကတော့ အချစ်မှာ အဓိက ၃မျိုးရှိတာဖြစ်ပြီး အာ့တွေကတော့ ၁။ ချစ်သူတွေ တစ်ယောက်နဲ့တစ်ယောက် ရုပ်ပိုင်းဆိုင်ရာ အရ အပြန်အလန်ဆွဲဆောင်မှုရှိခြင်း ၂။ ချစ်သူတွေ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အတွင်းအကျရင်းနှီးခြင်း ၃။ အတူတူနေထိုင်ဖို့ ဆုံးဖြတ်ချက်ချခြင်း တို့ပဲဖြစ်ပါတယ်။ အခုမှာတော့ အဲ့အချက်တွေအပြင် အခြားသော စိတ်ပိုင်းဆိုင်ရာအရ အချစ်အမျိုးအစားတွေပဲ ဖြစ်ပါတယ်။ 

၁။အရူးအမူးစွဲလမ်းခြင်း

စိတ်ပိုင်းဆိုင်ရာအရ အချစ်ကို ပထမဆုံးဖော်ပြတဲ့ လက္ခဏာကတော့ လူတစ်ယောက်က သူစိမ်းတစ်ယောက်ကို ခဏတာအတွင်းမှာ အရူးအမူးစွဲလမ်းနစ်မျှော်သွားတဲ့အခါဖြစ်လာတဲ့ အချစ်ပါ။ အဲ့လူရဲ့အတွေးထဲမှာဆိုရင်လဲ စွဲလမ်းမိသွားတဲ့သူအကြောင်းကိုပဲတွေးနေပြီး သူနဲ့ပဲ ဘယ်လို့တွေရမလဲဆိုတာကို တွေးနေတဲ့သူပါ။ အဲ့လိုချစ်မိသွားတဲ့အချစ်က လပိုင်းလောက်ပဲဖြစ်ချင်ဖြစ်မယ် နှစ်နဲ့ချီပြီတော့ ဖြစ်ချင်လဲဖြစ်မယ် သေချာအတိအကျပြောလို့မရပါဘူး။

၂။သဘောကျခြင်း

တစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနှီးကြပြီး တစ်ယောက်အကြောင်း တစ်ယောက်သိတဲ့ ဆက်ဆံရေးဆိုပေမဲ့ သူတို့နှစ်ယောက်က ချစ်သူဆက်ဆံရေးလိုတော့မဟုတ်ပါဘူး...သူငယ်ချင်းတွေပါပဲ။ အဲ့လိုအချစ်ရေးကတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့ စိတ်ဝင်စားမှုအပေါ်မူတည်ပြီး အချိန်ကကြာတက်ပါတယ်။ 

၃။ဘာခံစားချက် ဘာမှမရှိခြင်း

တစ်ယောက်နဲ့တစ်ယောက် အတူတူနေထိုင်ကြတဲ့ ဆက်ဆံရေးမျိုးဆိုပေမဲ့ တစ်ယောက်နဲ့တစ်ယောက် ဘာစိတ်ခံစားချက် ဘာမှမရှိကြပါဘူး။ သူတို့တွေနှစ်ယောက် အတူတူနေနေကြတာကလဲ ပိုက်ဆံအတွက် ပြီးတော့ ကလေးတွေအတွက် ဒါမှမဟုတ်လဲ တခြားဟာတစ်ခုခုကြောင့် နေထိုင်နေကြတာဖြစ်ပါတယ်။ ဒီလိုအချစ်ရေးကတော့ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးမှာ ဆိုးရွာလာတာပဲရှိတက်ပါတယ်။

၄။ပေါကြောင်ကြောင်ချစ်ခြင်း

ဒီလိုအချစ်ရေးကတော့ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြပြီး လက်ထပ်ကြမယ် ကလေးတွေယူကြမယ် ပြီးရင် အချိန်တွေအကြာကြီး အတူတူရှိနေသွားကြတဲ့ အချစ်မျိုးပဲဖြစ်ပါတယ်။ 

၅။ချစ်ကြည်နုးဖွယ်ရာ ချစ်ခြင်း

တစ်ယောက်နဲ့တစ်ယောက် ဆွဲဆောင်မှုရှိကြပြီး ချစ်ကြတဲ့အချစ်မျိုးပဲဖြစ်ကာ အမြဲတမ်းလိုလို Ro ဆန်ကြတဲ့အချစ်ပဲဖြစ်ပါတယ်။ သူတို့မှာ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေနဲ့စွဆောင်မှုတွေရှိနေကြပေမဲ့ အတူတူနေထိုင်ဖို့ ဆုံးဖြတ်ချက်မချတက်ကြတာပဲ။ သူတို့အနေနဲ့လဲ ဒါကိုမတွေးတက်ကြပါဘူး...တစ်ယောက်နဲ့တစ်ယောက် ချစ်ကြပေမဲ့ သူတို့နှစ်ယောက်ကြားထဲကို တခြားသော ဘာကိစ္စ ဘာဆက်ဆံရေးမှ မဝင်လာစေချင်ကြပါဘူး။

၆။နားလည်မှုရှိတဲ့ ချစ်ခြင်း

တစ်ယောက်နဲ့တစ်ယောက်က ရင်နှီးပြီး အတူတူနေထိုင်ဖို့ဆုံးဖြတ်တက်ကျပေမဲ့ သူတို့ဆိမှာ အပြန်အလှန်တော့ ဆွဲဆောင်မှုမရှိကြပါဘူး။ သူတို့တွေက အပြန်အလှန်နားလည်နေကြတာပဲဖြစ်ပါတယ်...ဒါပေမဲ့လဲ အဲ့လိုနားလည်မှုရှိမှာတော့ သူတို့တွေ အပြန်အလှန်စွဲဆာင်မှုရှိကြမှာပါ။

၇။ပြီးပြည့်စုံတဲ့ အချစ်

၁၉၈၈ခုနှစ်က ဖော်ထုတ်သွားတဲ့ အချစ်သီအိုရီ ၃ခုလုံးနဲ့ ပြည့်စုံတဲ့အချစ်ဟာ တွေ့ရှိဖို့ခတ်ခဲပါတယ်။ လူတော်တော်များများက သီအိုရီ ၂ခုထဲနဲ့သာရှိနေတက်ကြပြီး တချို့ဆို ၁ခုပဲရှိကြပါတယ်။ အခုလိုမျိုး ၃ခုလုံးနဲ့ပြည့်စုံတဲ့အချစ်ကို တွေ့ရှိတဲ့သူကတော့ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးသူတွေထဲက တစ်ယောက်ပါပဲ။ ချစ်သူတိုင်း အဆင်ပြေကြပါစေ။

Source : Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။