ဗီယက်နမ်နိုင်ငံမှာကျင်းပတဲ့အာစီယံယူ၁ဂပြိုင်ပွဲအဖွင့်ပွဲကိုတော့ဒီနေ့မှာလာအိုအသင်းနဲ့မြန်မာအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ပါတယ်။မြန်မာအသင်းဟာဒီနေ့ပြိုင်ပွဲမှာလာအိုအသင်းကို(၁-၃)ဆိုတဲ့ရလဒ်နဲ့ပြတ်ပြတ်သားသားအနိုင်ရခဲ့ပါတယ်။မြန်မာအသင်းဟာအနိုင်ဆိုတဲ့ရလဒ်နဲ့တူတူအကောင်းဆုံးခြေစွမ်းတွေကိုပရိသတ်တွေအကြိုက်ပြသနိုင်ခဲ့တာပါ။

မြန်မာအသင်းဟာဒီပွဲစဉ်မှာအနိုင်ရခဲ့ပေမယ့် အသင်းအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ခဲ့ပါတယ်။ဒါကတော့ အသင်းမှာခြေစွမ်းပြပြီး ဂိုးတစ်ဂိုးသွင်းယူပေးတဲ့ ကစားသမားဝေယံစိုးကတော့ လာအိုအသင်းရဲ့ဖျက်ထုတ်ပုံကြမ်းတမ်းမှုကြောင့် ဒဏ်ရာပြင်းထန်စွာရခဲ့တာဖြစ်ပါတယ်။သူကတော့ပွဲကိုတောင်ဆက်လက်ကစားနိုင်ခြင်းမရှိပဲလူစားလဲခဲ့ရတာဖြစ်ပါတယ်။

သူကတော့ခုချိန်မှာလမ်းမလျောက်နိုင်တော့ပဲ ဂျိုင်းထောက်နဲ့သွားရတဲ့အထိဖြစ်ခဲ့တာပါ။အသင်းဖော်တွေကလည်းအကောင်းဆုံးကစားပေးခဲ့တဲ့ ဝေယံစိုးကို ဘေးကနေကူညီဖေးမနေတာကလည်းအသင်းရဲ့စည်းလုံးမှုကိုအားကျစရာပဲဖြစ်ပါတယ်။ပရိသတ်တွေလည်း အမြန်ဆုံးသက်သာပြီးခြေစွမ်းပြနိုင်ပါစေဆုတောင်းပေးလိုက်ပြီး အချင်းချင်းဖေးမတက်တဲ့ ယူ၁၈ကစားသမားတွေရဲ့ပုံရိပ်ကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Source:Ko Ye

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။