အာစီယံယူ၁၈ပြိုင်ပွဲဝင်မြန်မာအသင်းကတော့မနေ့ကလာအိုအသင်းနဲ့အဖွင့်ပွဲကစားခဲ့ပြီး ပွဲအပြီးမှာ (၁-၃)နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းဟာဒီပြိုင်ပွဲမှာအုပ်စုတက်ဖို့အဖွင့်ပွဲမှာအမှတ်ရအောင်ကစားသွားခဲ့ပြီး ပရိသတ်တွေမျှော်လင့်ထားတဲ့အတိုင်းခြေစွမ်းတွေကိုလည်းပြသနိုင်ခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းဟာဒီပြိုင်ပွဲအတွက်ရေရှည်စီမံကိန်းတွေလေ့ကျင့်မှုတွေလုပ်ထားပြီး အာရှပြိုင်ပွဲတွေအတွက်ပါရည်ရွယ်ထားတာဖြစ်ပါတယ်။

မြန်မာအသင်းရဲ့အနိုင်ဂိုးတွေကိုတော့ပွဲချိန် ၂၈ မိနစ်တွင် စောကျော်အဲ၊ ပွဲချိန် ၃၆ မိနစ်တွင် ဝေယံစိုးနှင့် ပွဲချိန် မိနစ် ၉၀ တွင် ဇော်ဝင်းသိန်းတို့က သွင်းယူခဲ့ပြီး လာအိုအသင်းက ပွဲချိန် ၄၈ မိနစ်တွင် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူခဲ့တာဖြစ်ပါတယ်။မြန်မာယူ၁၈အသင်းဟာ ခုချိန်မှာ အုပ်စုမှာတတိယနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

မြန်မာအသင်းဟာနောက်ပွဲစဉ်မှာတော့ဖိလစ်ပိုင်အသင်းကိုရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။မြန်မာအသင်းဟာဒီပြိုင်ပွဲမှာ တီမော၊အင်ဒိုနီးရှားအသင်းတို့ကိုအဓိကယှဉ်ပြိုင်ကစားရဖွယ်ရှိနေတာပါ။ပရိသတ်တွေအတွက်လည်း မြန်မာအသင်းနဲ့လာအိုပွဲကသွင်းဂိုး video လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:MFF

Video:Next Sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။