မြန်မာ ယူ-၁၈ အသင်းအတွက် ဂိုးများကို ပွဲချိန် ၂၈ မိနစ်တွင် စောကျော်အဲ၊ ပွဲချိန် ၃၆ မိနစ်တွင် ဝေယံစိုးနှင့် ပွဲချိန် မိနစ် ၉၀ တွင် ဇော်ဝင်းသိန်းတို့က သွင်းယူခဲ့ပြီး လာအိုအသင်းက ပွဲချိန် ၄၈ မိနစ်တွင် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူခဲ့ပါတယ်။ မြန်မာယူ-၁၈ အသင်း အနေဖြင့် သြဂုတ် ၈ ရက်၊ မြန်မာစံတော်ချိန် ည ၆း၃၀ နာရီတွင် ဖိလစ်ပိုင် အသင်းနှင့် ဆက်လက် ကစားရမည်ဖြစ်ပါတယ်။

အဆိုပါပွဲမှာ တစ်ဂိုးသွင်းယူနိုင်တဲ့ မောင်ဝေယံစိုးဟာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့ပြီး လမ်းမလျှောက်နိုင်ပဲနာလွန်းလို့မျက်ရည်တွေကျနေလို့ ချက်ချင်းဂျိုုင်းထောက်နဲ့ လမ်းလျှောက်ရတဲ့အထိ ဆိုးရွားခဲ့ပါတယ်။ ယခုမှာတော့ မောင်ဝေယံစိုးဟာ ဝှီးရှဲနဲ့ သွားလာနေရပေမယ့် လမ်းဖြေးဖြေးလျှောက်နိုင်ပြီနေပြီဖြစ်ပါတယ်။

မောင်ဝေယံစိုးကို Becamex International Hospital မှာ ဆေးစစ်မှုခံယူခဲ့တာပဲ ဖြစ်ပြီး အနည်းဆုံးမောင်ဝေယံစိုးဟာ ၄ပတ်လောက်အထိ အနားယူရမယ်ဆို ဆရာဝန်က ဆိုထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် လာအိုအသင်းရဲ့ နံပတ်၁၀ဖျတ်ထုတ်ပုံကြောင့် ဒဏ်ရာရရှိသွားတဲ့ မောင် ဝေယံစိုးရဲ့ ဗီဒီယိုကို ဖော်ပြပေးလိုက်ပါတယ်။

source: Ko Ye'

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။