တစ်ချိန်က စပိန်အသင်းနဲ့ ဘာစီလိုနာအသင်းတို့မှာအောင်မြင်မှုတွေများစွာယူပေးရင်း ကမ္ဘာကျော်ကစားသမားတစ်ယောက်အဖြစ်ရပ်တည်ခဲ့တာကတော့ puyol ပဲဖြစ်ပါတယ်။သူကတော့ ကမ္ဘာကျော်ကစားသမားတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေနဲ့ကစားသမားအချင်းချင်းတောင်အားကျနေရတဲ့ကစားသမားဖြစ်ပါတယ်။

သူကတော့ခုမှာဘောလုံးလောကမှအနားယူသွားပြီဖြစ်ပေမယ့် ပရိသတ်တွေကတော့အမြဲအမှတ်ရနေတုန်းပဲဖြစ်ပါတယ်။သူကတော့ဘောလုံးလောကနဲ့ဝေးကွာခဲ့ပေမယ့်လည်း အားကစားကိုမြတ်နိုးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ခုခေတ်ကစားသမားတွေပရိသတ်တွေကလည်း သူ့ရဲ့စကေးတွေကိုယနေ့တိုင်လွမ်းမိနေတုန်းပါ။

ပရိသတ်အချစ်တော် Puyol ကတော့ ခုမှာတင်းနစ်ကစားရင်းနဲ့ခြေထောက်ထိခိုက်ခဲ့တာဖြစ်ပါတယ်။သူကတော့တင်းနစ်ကစားနေရင်းတစ်ဖက်အသင်းရဲ့ဘောလုံးကိုရိုက်ဖို့ကြိုးစားရင်းအရှိန်လွန်ပြီးမှန်ထဲကိုအရှိန်လွန်ကျသွားတာဖြစ်ပါတယ်။မှန်လည်းကွဲသွားပြီးခြေထောက်မှာလည်းသွေးတွေနဲ့ဒဏ်ရာရခဲ့ပါတယ်။သူကတော့ဘောလုံးမှာသာမကတင်းနစ်မှာလည်းအားထည့်ကစားတာကြောင့်မတော်တဆဖြစ်သွားတဲ့ Puyol ရဲ့ video လေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Source:

El Fútbolismo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။