မန်ယူအသင်းရဲ့ကစားသမားဖြစ်တဲ့လူကာကူကတော့အင်တာမီလန်အသင်းကိုပြောင်းရွေ့ဖို့သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။လူကာကူကိုတော့ အင်တာမီလန်အသင်းကပေါင်သန်း၇၀ပတ်ဝန်းကျင်နဲ့ခေါ်ယူတော့မှာဖြစ်ပါတယ်။လူကာကူဟာလက်ရှိအချိန်မှာအီတလီနိုင်ငံမီလန်မြို့ကိုအေးဂျင့်နဲ့တူတူရောက်နေတာဖြစ်ပါတယ်။

လူကာကူဟာမန်ယူအသင်းနဲ့ခြေစမ်းပွဲတွေကစားပြီးထဲကအသင်းနဲ့မပူးပေါင်းတော့ပဲအန်ဒါလက်ချ်လူငယ်အသင်းမှာလေ့ကျင့်ခန်းတွေလုပ်နေတာဖြစ်ပါတယ်။အဆိုပါလုပ်ရပ်ကြောင့်လည်း နည်းပြဆိုးလ်ရှားကလူကာကူကိုဒေါသတွေထွက်နေတာဖြစ်ပါတယ်။ဒီလုပ်ရက်တွေေကြောင့်လူကာကူဟာအသင်းကထွက်ခွာဖို့ဖြစ်လာတော့တာဖြစ်ပါတယ်။

မန်ယူအသင်းဟာလူကာကူရဲ့နေရာမှာအစားထိုးဖို့အတွက် ခုမှာဂျူဗင်တပ်တိုက်စစ်မှူးကိုကမ်းလှမ်းထားပေမယ့် သတင်းတွေကတော့ငြိမ်နေတုန်းဖြစ်ပါတယ်။လူကာကူကတော့အသင်းအတွက်ဂရုမစိုက်တော့ပဲအေးဂျင့်နဲ့သာအသင်းပြောင်းဖို့လုပ်နေတာဖြစ်ပါတယ်။ဒါကြောင့်မကြာခင်အချိန်တွင်းမှာတော့လူကာကူကိုစီးရီးအေမှာမြင်တွေ့ရဖွယ်ရှိနေတာပါ။

Source:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။