မိခင်တစ်ယောက်အနေနဲ့ ကလေးသုံးလေးယောက်လောက်ထိန်းရတာ အင်မတန်ပင်ပန်းရတဲ့အချိန်မှာ ဒီအမျိုးသမီးကတော့ မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ပြခဲ့တာပါပဲ။

သူမရဲ့အမည်ကတော့ Bobbi McCaughey လို့ခေါ်ပြီး မွေးရာပါ ဟော်မုန်းချို့တဲ့ရောဂါကြောင့် အမျိုးသမီးမျိုးဥကောင်းကောင်းမဖွံ့ဖြိုးနိုင်တဲ့အနေအထားဖြစ်ပါတယ်။ ဒါပေမယ့် သူမဟာ ခုနစ်မွှာပူးကလေးကိုယ်ဝန်ဆောင်ထားခဲ့ရပြီး မွေးဖွားတဲ့အခါမှာတော့ ဆရာဝန်တွေရဲ့တွန်းအားပေးခြင်းကို ခံခဲ့ရပါတယ်။

ဆရာဝန်တွေဟာ သူမရဲ့အနေအထားကြောင့် မွေးဖွားတဲ့အချိန်မှာ ကလေး လေးယောက်ကို စွန့်လွှတ်ဖို့ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်သူမဟာ လက်မလျှော့ခဲ့ဘဲ ကလေးခုနစ်ယောက်လုံးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။ ပထမရထားတဲ့ကလေးအပါအဝင် ကလေး၈ယောက်ကို ပြုစုပျိုးထောင်ဖို့ သူမဟာ နေရာအရပ်ရပ်က အလှူငွေတွေ လက်ခံရရှိခဲ့ပါတယ်။ အခုဆိုရင်တော့ ကလေးရှစ်ယောက်လုံးကို ဘွဲ့ရပညာတတ်တွေဖြစ်တဲ့အထိ ပြုစုပျိုးထောင်ပေးခဲ့တဲ့ အာဂမိခင်ကိုတွေ့ရမှာပဲဖြစ်ပါတယ်။

Source : viral4real

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။