စပါးအသင်းကိုပြောင်းရွေ့ဖို့သဘောတူညီမှုရထားပြီဟုသတင်းတွေထွက်နေတဲ့ဂျူဗင်တပ်အသင်းတိုက်စစ်မှူးဒိုင်ဘာလာရဲ့အပြောင်းအရွေ့ကတော့ပျက်ပြယ်သွားခဲ့ပါတယ်။ဂျူဗင်တပ်အသင်းဟာတိုက်စစ်မှူးဒိုင်ဘာလာကိုရောင်းချတော့မှာမဟုတ်ပဲ အသင်းမှာပါဆက်လက်ရှိစေမှာပါလို့ပြောကြားခဲ့တာပါ။

ဂျူဗင်တပ်အသင်းဟာဒိုင်ဘာလာကိုပေါင်သန်း၇၀နဲ့ရောင်းချဖို့သဘောတူညီခဲ့တာဖြစ်ပါတယ်။ဒါမယ့်စပါးအသင်းဟာပေါင်သန်း၇၀အပြင်ဒိုင်ဘာလာရဲ့ဆုကြေးတွေလစာတွေကြောင့် ခေါ်ယူအစီစဉ်ပျက်ပြယ်သွားခဲ့တာဖြစ်တယ်။အပြောင်းအရွေ့ရာသီကလည်းပိတ်တော့မှာဖြစ်တာကြောင့်စပါးအသင်းဟာတစ်ခြားကစားသမားတွေကိုခေါ်ယူဖို့ချိတ်ဆက်နေတာဖြစ်ပါတယ်။

ဒိုင်ဘာလာဟာဒီနှစ်အပြောင်းအရွေ့မှာ အင်္ဂလန်ထိပ်သီးကလပ်၂ခုရဲ့ကမ်းလှမ်းမှုတွေခံရပေမယ့် ကစားသမားရဲ့ဆုကြေးတွေကြောင့်၂သင်းလုံးနဲ့ပျက်ပြယ်ခဲ့ရတာပါ။ဒါကြောင့်ဒိုင်ဘာလာကိုတော့အင်္ဂလန်မှာမြင်ဖို့မရှိတော့ပဲအီတလီမှာပဲဆက်ရှိတော့မှာဖြစ်ပါတယ်။ဒိုင်ဘာလာမှာအာဂျင်တီးနားရဲ့လူငယ်တိုက်စစ်မှူးဖြစ်ပြီး အကောင်းဆုံးခြေစွမ်းတွေရှိတာကြောင့်အသင်းတိုင်းရဲ့စိတ်ဝင်စားကမ်းလှမ်းမှုကိုခံရတာဖြစ်ပါတယ်။

Source:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။