မြန်မာယူ၁၈အသင်းဟာအာစီယံယူ၁၈ဒုတိယမြောက်ပွဲစဉ်အဖြစ် ဖိလစ်ပိုင်အသင်းနဲ့ကစားခဲ့ပြီး(၄-၁)နဲ့ဂိုးပြတ်အနိုင်ရခဲ့ပါတယ်။ဒီပွဲအနိုင်ကြောင့် မြန်မာအသင်းဟာအုပ်စုတက်ဖို့အကောင်းဆုံးအခြေအနေတွေကိုပိုင်ဆိုင်သွားပြီဖြစ်ပါတယ်။မြန်မာယူ-၁၈ အသင်းအတွက် ဂိုးများကို ပွဲချိန် ၉ မိနစ်တွင် ကောင်းခန့်ကျော် (၁)၊ ၄၅ မိနစ်တွင် လမင်းထွေး၊ ၅၃ မိနစ်တွင် မိုးဆွေနှင့် ၇၀ မိနစ်တွင် ဟိန်းထက်အောင်တို့က သွင်းယူခဲ့ပြီး ဖိလစ်ပိုင် အသင်းက ပွဲချိန် ၉၀ မိနစ်တွင် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူခဲ့တာဖြစ်ပါတယ်။

မြန်မာအသင်းရဲ့ဂိုးတွေကိုတော့ပထမပိုင်းနဲ့ဒုတိယပိုင်းပွဲကစားချိန်တွေမှာသွင်းယူခဲ့တာဖြစ်ပါတယ်။မြန်မာအသင်းဟာဒီနေ့ပွဲစဉ်မှာဒီထက်ဂိုးသွင်းခွင့်တွေကိုအကြိမ်ကြိမ်ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ခုလောက်နဲ့သာကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ဒီနှစ်အာစီယံယူ၁ဂပြိုင်ပွဲဝင်မြန်မာအသင်းရဲ့ခြေစွမ်းတွေကတော့ပရိသတ်တွေအတွက်အားရကျေနပ်စရာပဲဖြစ်ပါတယ်။

ပြိုင်ပွဲမတိုင်ခင်ကတည်းကဂျပန်နိုင်ငံထိသွားပြီးခြေစမ်းပွဲတွေကစားခဲ့တာကြောင့်ခုလိုခြေစွမ်းကောင်းတွေကိုမြင်တွေ့ရတာပါ။မြန်မာအသင်းဟာတတိယမြောက်ပွဲစဉ်အဖြစ်တီမောအသင်းနဲ့ကစားရမှာဖြစ်ပြီးအဆိုပါပွဲကိုအနိုင်ရရှိခဲ့ပါကအုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်မှာပဲဖြစ်ပါတယ်။ပရိသတ်တွေလည်းအုပ်စုအဆင့်ကျော်ဖြတ်နိုင်ဖို့ကြိုးစားနေတဲ့မြန်မာအသင်းကိုအားပေးရင်းဖိလစ်ပိုင်နဲ့ပွဲကသွင်းဂိုးvideoလေးကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Source:MFF

Video:Pho Yen Tv

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။