ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှာတော့ တော့တင်ဟမ်အသင်းဟာ ဖူလ်ဟမ်အသင်းရဲ့ လူငယ်ကစားသမားဖြစ်တဲ့ ဆက်ဆက်နွန်ကို ပေါင် (၂၅)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဈေးကွက်ပိတ်သိမ်းမယ့်နေ့မှာ စပါးက လိုဆယ်ဆိုကိုလဲ ခေါ်ယူနိုင်ခဲ့တာပဲ ဖြစ်ပြီး လိုဆယ်ဆိုနဲ့ ဆက်ဆက်နွန်တို့ (၂)ဦးကို တစ်ပြိုင်တည်းခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ချဲလ်ဆီး အသင်း နောက်ခံလူ ဒေးဗစ်လုဇ် ကို ပေါင် ၈ သန်း ပေးချေ ခဲ့ရတာပဲဖြစ်ကာ နှစ်နှစ် စာချူပ်နဲ့ ခေါ်ယူတာ ဖြစ်ပါတယ်။ အာဆင်နယ် အသင်းဟာ ဆဲလ်တစ် နောက်ခံလူ တီယာနေး ကို ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းပေးပြီး ငါးနှစ် စာချူပ်နဲ့ ခေါ်ယူလိုက်ပါတယ်။ အာဆင်နယ်ရဲ့ နောက်ဆုံးအပြောင်းအရွေဟာ ပရိသတ်တွေကို အပျော်ကြီး ပျော်စေခဲ့ပါတယ်။

ဝက်ဟမ်းအသင်းက အလွတ်ပြောင်းရွေကြေးနဲ့ ထွက်ခွာခဲ့တဲ့ အန်ဒီ ကားရိုးလဲနယူးကာဆယ်ကို ပြန်ရောက်သွားပါပြီဖြစ်ပါတယ်။ဘန်လေအသင်းဟာ ချဲလ်ဆီးကွင်းလယ်လူ ဒန်နီဒရင့်ဝါးတားကို တစ်ရာသီ အငှါးနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းမှာ နေရာတစ်နေရာရရှိနေတဲ့ တောင်ပံကစားသမား အီဝိုဘီဟာ ပြောင်းရွေကြေး ပေါင်းသန်း၄၀နဲ့ အဲဗာတန်အသင်းဆီ ၅ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ သွားခဲ့ပြီ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးလူကာကူဟာ အင်တာမီလန်အသင်းကို ပေါင် (၇၃)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပြီဖြစ်ပြီး လူကာကူဟာ အင်တာမီလန်အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်ခဲ့ပါတယ်။ ဖော်ပြပါအပြောင်းအရွှေတွေကတော့ Transfer Deadline Day မှာဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအရွှေတွေပဲ ဖြစ်ပါတယ်။

source: အာဆင်နယ် ၊ အဲဗာတန်၊ စပါး  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။