စပိန်ထိပ်သီးကလပ်တွေဖြစ်တဲ့ရီးရဲမက်ဒရစ်အသင်းနဲ့ဘာစီလိုနာအသင်းတို့ဟာ PSG အသင်းရဲ့တိုက်စစ်မှူးနေမာကိုခေါ်ယူဖို့အပြိုင်ဖြစ်နေကြတာဖြစ်ပါတယ်။နေမာကတော့အသင်းပြောင်းရွေ့ဖို့အတွက်အစောပိုင်းကတည်းကသတင်းတွေထွက်နေတာဖြစ်ပြီးခုမှာတော့အပြောင်းအရွေ့ကို ပိုစိတ်ဝင်စားနေကြတာပါ။

နေမာကိုတော့ရီးရဲအသင်းကလည်းတိုက်စစ်မှူးနေရာအတွက် မိုဒရစ်ကိုအလိုက်ပေးပြီးခေါ်ယူချင်နေတာဖြစ်ပါတယ်။မန်ယူအသင်းတိုက်စစ်မှူးပေါ့ဘာကိုခေါ်ယူဖို့ခက်ခဲတာကြောင့်နေမာဘက်ကိုလှည့်လာတာဖြစ်ပါတယ်။PSG အသင်းကလည်းအသင်းမှာဒဏ်ရာတွေနဲ့ခြေစွမ်းမပြနိုင်တဲ့ နေမာကိုရောင်းထုတ်ချင်တာဖြစ်တာကြောင့်အပြောင်းအရွေ့ကဖြစ်လာနိုင်တာပါ။

နေမာကတော့အသင်းဟောင်းဘာစီလိုနာကိုပြောင်းရွေ့ချင်ပေမယ့် ဘာစီလိုနာအသင်းဟာဂရစ်ဇမန်းတို့အတွက်ငွေကြေးတွေအမြောက်အများဆုံးဆွဲထားတာကြောင့်နေမာကိုခေါ်ယူဖို့စဉ်းစားနေရတာဖြစ်ပါတယ်။ဒါမယ့်လည်း ဘာစီလိုနာအသင်းကနေမာနဲ့အတူအကောင်းဆုံးတိုက်စစ်ကိုတည်ဆောက်ချင်တာကြောင့်ဘာစီလိုနာကိုပြန်ရောက်မလားဆိုတာကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။

Source:Daily Mail


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။