ပရိသတ်ကြီးကို ဒီတစ်ခေါက်မှာ ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်တာကတော့ အာဖရိကတိုက်က ပင်ပန်းဆင်းရဲလှတဲ့ အခြေခံ စိန်ရှာရသော လုပ်သားတွေ အကြောင်းပဲ ဖြစ်ပါတယ်။ အများသိတဲ့ အတိုင်း အာဖရိကတိုက်ဟာဆိုရင် ကမ္ဘာပေါ်မှာ တန်ဖိုးကြီးမားလှတဲ့ စိန်တွေ အတော်များများ ထွက်ရှိတဲ့ တိုက်တစ်ခုလည်း ဖြစ်ပါတယ်။ အလျှံအပယ်ထွက်လွန်းတာကြောင့်လည်း ပြည်တွင်းနိုင်ငံက ကုမ္ပဏီ တွေအပြင် တခြားတိုက်က နိုင်ငံခြားသား ကုမ္ပဏီတွေကပါ အာဖရိကတိုက်မှာ အစိုးရရဲ့ ခွင့်ပြုချက်နဲ့ လာရောက် တူးဖော် ရှာဖွေကြတာပဲ ဖြစ်ပါတယ်။

ဒီလိုရှာဖွေတဲ့ နေရာမှာ လိုအပ်တဲ့ လုပ်သားအရေအတွက်ကို ပြည်တွင်း အာဖရိကနိုင်ငံသားတွေကို ခေါ်ယူပြီး တူးဖော်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဒီလိုအောက်ခြေလူတန်းစားတွေခမျာမှာ အကျိုးမြတ်များများစားစား မရရှိရှာပဲ တစ်နေ့လုပ်တစ်နေ့စား ဘဝနဲ့သာ ကျင်လည်နေရတာပဲု ဖြစ်ပါတယ်။ တစ်ကယ်တမ်း အမြတ်ထွက်သွားတဲ့သူတွေကတော့ ကုမ္ပဏီနဲ့ အပေါ်က ရာထူးအကြီးစား ရှိတဲ့ သူတွေကပဲ ရရှိသွားကြတာပဲ ဖြစ်ပါတယ်။ နောက်ပီး အာဖရိကနိုင်ငံတော်တော်များများဟာ တိုင်ရေး ပြည်ရေး မငြိမ်သက်မှုတွေ များစွာရှိပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ ဒေသခံရွာသူရွောသားတွေကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ကာ သူတို့ရဲ့ အကျိုးအတွက် စိန်တွေ တူးဖော်ရှာဖွေခိုင်းကြပါသေးတယ်.တချို့နေရာတွေမှာဆိုရင် ကလေးလုပ်သားတွေကိုပါ တွေ့ရှိရပါသေးတယ်။

ဒေသခံတိုင်းရင်းသားတွေခမျာ မိမိတို့ရဲ့ အကျိုးမြတ်လည်း မရပဲနဲ့ အသက်ဘေးအတွက် ကြောက်လန့်ကာ ပင်ပင်ပန်းပန်း စိန်တူးဖော်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြရရှာပြီး ဒီလို အဖြစ်ပျက်တွေဟာ များစွာရှိနေတာပဲ ဖြစ်ပါတယ်။ အခုလို ပင်ပန်းဆင်းရဲလှတဲ့ အာဖရိကတိုက်က စိန်လုပ်သားတွေရဲ့ ဘဝအမှန် ရိုက်ကူးထားတဲ့ ဇာတ်ကားများစွာထွက်ရှိခဲ့ပြီး နာမည်ကြီး Blood Diamond ဇာတ်ကားဟာဆိုရင် ဖြစ်ရပ်မှန်ပေါ်ကို အခြေခံကာ ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒါ့ကြောင့် အဖိုးတန်လှတဲ့ စိန်တွေကိုရရှိဖို့အတွက် သူတို့ဘဝတွေ ဘယ်လောက်တောင် ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ကြရသလဲဆိုတာ ပရိသတ်ကြီး ဗဟုသုတရစေရန်အတွက် ဖော်ပြပေးလိုက်ရပါတယ်ခဗျ....

Source : Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။