မနေ့ကဆိုရင်တော့ လစ်ဗျားအစိုးရဟာ နိုင်ငံထဲကို ရောက်ရှိနေတဲ့ ဆူဒန်ရွှေ့ပြောင်း ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

ဒီလုပ်ရပ်ဟာ တရားမဝင် ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေကို သူတို့ဆန္ဒအလျောက် နေရပ်ပြန်ပို့ပေးမယ့် စီမံကိန်းရဲ့ ပထမဆုံး လုပ်ရပ်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။

လစ်ဗျားနိုင်ငံဟာဆိုရင်လည်း အာဖရိကနိုင်ငံအရပ်ရပ်က ရွှေ့ပြောင်းလာတဲ့ ဒုက္ခသည်တွေ ဥရောပကိုရောက်ဖို့အတွက် အဓိကအချက်အချာကြတဲ့ နိုင်ငံတစ်ခုဖြစ်တာကြောင့် ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေ များစွာရှိနေတာပဲဖြစ်ပါတယ်။

ယခုနေရပ်ပြန်ပို့ပေးခဲ့တဲ့ ဆူဒန်ဒုက္ခသည်အရေအတွက်ဟာဆိုရင်လည်း ၁၄၁ အထိ ရှိတယ်လို့ သိရပါတယ်။

သူတို့ကို ပို့ပေးခဲ့တာကတော့ ဘန်နီနာလေဆိပ်ကနေ ပို့ပေးခဲ့တာဖြစ်ပြီး ယခုပို့ပေးခဲ့တဲ့ထဲမှာ ကလေးငယ်တွေတော့ မပါဘူးလို့ သိရပါတယ်။

Source - Africanews

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။