ပရီးမီးယားလိဒ်ပြိုင်ပွဲကိုတော့ဒီနေ့ညမနက်ဖြန်မနက်အစောပိုင်းမှာယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။အင်္ဂလန်ပရီးမီးယားလိဒ်ရဲ့အစောဆုံးအဖွင့်ပွဲကိုတော့မနက်၁နာရီခွဲမှာ လီပါပူးအသင်းနဲ့နောဝှစ်အသင်းတို့ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ပါပူးအသင်းကတော့မနှစ်ကဥရောပချန်ပီယံအသင်းဖြစ်ပြီး နောဝှစ်အသင်းကတော့ ဒီနှစ်မှတန်းတက်လာတဲ့အသင်းဖြစ်ပါတယ်။

နောဝှစ်အသင်းကတော့ ဒီနှစ်မှာအကောင်းဆုံးပြင်ဆင်ထားတဲ့အသင်းဖြစ်ပြီး လီပါပူးအသင်းကတော့ ပြောင်းလဲမှုတွေသိပ်မလုပ်ထားတာဖြစ်ပါတယ်။ပါပူးအသင်းကတော့ရာသီကြိုခြေစမ်းပွဲတွေမှာ အကောင်းဆုံးရလဒ်တွေယူဆောင်ထားတာကြောင့်ဒီနေ့အဖွင့်ပွဲမှာတော့ခြေစွမ်းတွေပြပြီးအနိုင်ရဖို့လိုအပ်နေတာဖြစ်ပါတယ်။

ချန်ပီယံဆုအတွက်ဆိုရာသီအစကတည်းက အနိုင်၃မှတ်ရဖို့လိုအပ်နေတာကြောင့် ပါပူးအသင်းကတော့အနိုင်၃မှတ်ရယူဖို့လိုအပ်နေတာပါ။မနှစ်ကခြေစွမ်းပြထားတဲ့ဆာလာတို့ပါဝင်မှာဖြစ်တာကြောင့် ပါပူးတိုက်စစ်တွေကပရိသတ်တွေကိုပျော်ရွှင်မှုတွေပေးနိုင်မှာဖြစ်ပါတယ်။

Photo:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။