မသန်စွမ်း ပြုစုရေးဂေဟာမှာ အလှူဒါနတွေ ပြုလုပ်ဖြစ်ခဲ့တဲ့ ရွှေထူး

ရွှေထူးဟာ မိခင်ဖြစ်သူရဲ ့မွေးနေ ့နဲ ့တိုက်ဆိုင်နေသလို ကိုယ်တိုင်လည်း လှူဒါန်းချင်နေခဲ့တဲ့အတွက် မသန်စွမ်းပြုစုရေးဂေဟာမှာ မတ်လ ၂၉ ရက်နေ ့နဲ ့ဧပြီလ ၁၅ ရက်နေ ့က အလှူပြုလုပ်ဖြစ်ခဲ့ပုံကို အခုလိုပဲ ပြောပြလာပါတယ် ။

“ဖေ့စ်ဘွတ်သုံးရင်းနဲ ့အစ်မတစ်ယောက်တင်ထားတဲ့ မသန်စွမ်းကလေးတွေရဲ ့အကြောင်းကို ဖတ်လိုက်ရတော့ စိတ်ထဲမှာ မကောင်းဖြစ်သွားပြီး

ဒီနေရာလေးတော့ တစ်ရက်သွားလှူမယ်ဆိုတဲ့ စိတ်လေးဖြစ်သွားတယ် ။

လှူဖို ့စဉ်းစားတုန်းပဲ အမေ့မွေးနေ ့မှာ အမေက အဲ့ဒီကျောင်းမှာပဲ ကလေးတွေကို ကျွေးဖို ့စီစဉ်ထားတာတဲ့ ။

ကျွန်တော်ကလည်း လှူဖို ့ကွက်တိဖြစ်သွားတာနဲ ့ကလေးတွေအတွက် ပဒေသာပင်တွေရော ကျန်းမာရေးအတွက်ရော လှူဖြစ်တာပါ” လို ့ရွှေထူးက ပြောပြသွားခဲ့ပါတယ် ။

Source: Popular

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။