ဗီယက်နမ်နိုင်ငံမှာကျင်းပနေတဲ့ AFF U18 ပြိုင်ပွဲဝင်မြန်မာယူ၁၈အသင်းကတော့ ဒီနေ့မှာအုပ်စုတတိယနေ့ပွဲစဉ်ကိုကစားတော့မှာဖြစ်ပါတယ်။ဒီပွဲစဉ်ကတော့ မြန်မာအသင်းရဲ့အရေးကြီးပွဲစဉ်ဖြစ်ပြီးတီမောအသင်းနဲ့ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။ဒီပွဲမှာသာအနိုင်ရခဲ့ရင်တော့မြန်မာအသင်းဟာကျိန်းသေအုပ်စုအဆင့်ကိုကျော်လွှားနိုင်တော့မှာဖြစ်ပါတယ်။

မြန်မာအသင်းဟာရှေ့ပွဲစဉ်၂ပွဲမှာ အကောင်းဆုံးဂိုးပြတ်နိုင်ပွဲတွေယူထားပြီး အုပ်စုဒုတိယနေရာမှာအင်ဒိုအသင်းနဲ့ရမှတ်တူဂိုးကွာခြားချက်ကြောင့်ဒုတိယနေရာမှာရပ်တည်နေတာဖြစ်ပါတယ်။အုပ်စုအတွင်းမှာအင်အားအတောင့်ဆုံးလို့ပြောရမယ့်အင်ဒိုနီးရှားနဲ့တီမောအသင်းတို့ဟာလည်းရလဒ်ကောင်းတွေပိုင်ဆိုင်ထားတာကြောင့် ခုတီမောနဲ့ပွဲမှာမြန်မာအသင်းအနေနဲ့အမှားခံလို့မရတော့တာဖြစ်ပါတယ်။

မြန်မာအသင်းနဲ့တီမောအသင်းတို့ပွဲစဉ်ကိုတော့ဒီနေ့ညနေ၃:၃၀အချိန်မှာယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပြီးပရိသတ်တွေလည်းအားပေးဖို့လိုအပ်နေတာပါ။အုပ်စုတက်ဖို့ဆိုအကောင်းဆုံးခြေစွမ်းပြပြီးနိုင်ပွဲယူသင့်တဲ့ မြန်မာယူ၁၈အသင်းကိုလည်းအားပေးကြဖို့ဖိတ်ခေါ်လိုက်ကပါတယ်။

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။